Friday, May 27, 2016

လမ်းသစ်ခုံးအဝင်အနီး ရေပေါ်စွန့်ပစ်ပစ္စည်းမျိုးစုံ စုပုံနေ၍ တူးဖော်ရှင်းလင်းပေးစေလို


 
 
 
 
 
ထင်သာမြင်သာ ပြုပြင်စရာ


ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းဖြတ်သန်းသွားသော ကျုံးကြီးမြောင်းထဲ၌ ကျုံးကြီးမြောင်းနံရံနှစ်ဖက် ပြုလုပ်စဉ်က စည်းကမ်းမဲ့လွှင့်ပစ် ထားသော ရေပေါ်စွန့်ပစ်ပစ္စည်းမျိုးစုံနှင့် အခြားပစ္စည်းများဖြစ်သည့် မဆလာ၊ အုတ်၊ အကျိုးအပဲ့နှင့် မြေသားများရှိနေသဖြင့် ရေစီးရေလာကောင်းမွန်မှုမရှိဘဲ အနံ့ဆိုးများ ထွက်ပေါ်နေသည်ဟု လမ်းသစ်ရိပ်သာတွင်နေ ထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ မြောင်းအတွင်းမှ ရေပေါ်စွန့်ပစ်ပစ္စည်းများသည် မေ ၂ဝ၊ ၂၁ ရက် တို့တွင်ရွာသွန်းသော မိုးရေစီးအားကြောင့် မြောင်းတစ်လျှောက်မရှိတော့ဘဲ လမ်းသစ်လမ်း ခုံးတံတားအဝင်ဝအနီးတွင် ထုထည်ကြီးမားစွာဖြင့် မြင်တွေ့နေရသည်။

ယင်းနေရာတွင် မြောင်းဖြတ်ပိုက်လုံးအရွယ်မျိုးစုံ သွယ်တန်းထားသဖြင့် ရေပေါ်စွန့်ပစ်ပစ္စည်းများ ရေစီးအားဖြင့် စီးဆင်းနိုင်ခြင်းမရှိသည်ကို မြင်တွေ့ရသည်။

ကျုံးကြီးမြောင်းအတွင်း စက်ယ္တရားသုံး တူးဖော်ရာတွင် မြောင်းအတွင်းကြမ်းပြင် တွင်ရှိသော သောင်ခုံသဖွယ် အင်္ဂတေနှင့် မြေသားများကိုပါ တူးဖော်ပေးစေလို ကြောင်း၊ သို့မှသာ မြောင်း၏မူလအနက်အတိုင်းရရှိပြီး ရေစီးအားပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်းနှင့် ရေပေါ်စွန့်ပစ်ပစ္စည်းများအား သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းပေးရန်လိုအပ်နေကြောင်း ယင်းမြောင်းဘေးရှိ လှည်းတန်းလမ်းတိုတွင်နေထိုင်သူ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။
ခင်ဆိုင်

No comments:

Post a Comment