Monday, May 30, 2016

ပြင်ဦးလွင် ပိတ်ချင်းမြောင်လိုဏ်ဂူ လေဝင်ပေါက် ဖောက်လုပ်နေပြီ



 
 
 
 
 
သက်နိုင်(ပြင်ဦးလွင်)

ပြင်ဦးလွင် မေ ၂၉

ပြင်ဦးလွင်မြို့ ပိတ်ချင်းမြောင်မဟာနန္ဒမူလိုဏ်ဂူတော်တွင် ယခင်က ဖောက်လုပ်ထား ခဲ့သော လေဝင်ပေါက် အကျယ် သုံးလက်မအစား ထပ်မံချဲ့ထွင်သည့်အနေဖြင့် ရှစ်လက်မအထိ တိုးချဲ့ဖောက်လုပ်မည်ဖြစ်ရာ မေ ၂၉ ရက်တွင် ခြောက်လက်မအထိ ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ဘုရားဂေါပကအတွင်းရေးမှူး ဦးဟန်ငြိမ်း၏ ပြောပြချက်အရ သိရသည်။

ထပ်မံချဲ့ထွင်ဖောက်လုပ်သည့်လုပ်ငန်းကို ဧပြီ ၂၂ ရက်တွင် စတင်ခဲ့ပြီး ဖောက်လုပ်ခ လုပ်အားခနှုန်းတစ်ပေလျှင် ငွေကျပ် ခုနစ်သောင်းရှိကြောင်းနှင့် ဂူ၏မျက်နှာကြက်မှ အပေါ်ဂူဆုံးအထိ ၁၂၅ ပေကျော်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြင်ဦးလွင်ရှိ ပိတ်ချင်းမြောင်ဂူသည် ဂူအဝင်ဝမှ လက်ရှိဂူအဆုံးအထိ ၁၆ဝ၈ ပေရှည်လျားပြီး အခါကြီးရက်ကြီး လူစည်ကားသည့်ရက်များတွင် လာရောက်သူ များပြားသောကြောင့် မွန်းကျပ်ခြင်း၊ မသက်ရှူမဝခြင်းတို့ ဖြစ်ပေါ်နေသောကြောင့် ယခုကဲ့သို့ လေဝင်ပေါက်ကို တိုးချဲ့ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လေဝင်ပေါက်ကို ရှစ်လက်မအထိ အောင်မြင်စွာဖောက်လုပ်ပြီးစီးသွားပါက ယခု လက်ရှိ ၁၆ဝ၈ ပေထက်ပို၍ သွားရောက်နိုင်သော ဂူအတွင်းနေရာများကို လာရောက် ကြသူများအ္တရာယ်ရှိခြင်း၊
မရှိခြင်းအခြေအနေများကို စစ်ဆေးစမ်းသပ်ကြည့်ရှု၍ ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ လာရောက်လေ့လာကြသူများအနေဖြင့် လိုဏ်ဂူအတွင်း၌သာမက အပြင်ရှိ သုံးထပ်ရေတံခွန်ကိုလည်း အ္တရာယ်ကင်းရှင်းအောင် ကျောက်စီကွန်ကရစ် လျှောက်လမ်း များ ပြုလုပ်ပေးထားပြီးဖြစ်၍ စိတ်ချလက်ချ သွားရောက် နိုင်ပြီဖြစ်သည်။ ပိတ်ချင်းမြောင်ဂူသို့ နေ့စဉ် ဧည့်သည် အများအပြား လာရောက်လည်ပတ်လျက်ရှိနေကြောင်း သိရ သည်။





No comments:

Post a Comment