Sunday, May 29, 2016

မြန်မာ့အနုပညာအကအား စကိတ် အားကစားနောက်ခံထားကာ မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူး

The Mirror Daily's photo.
(သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ - ကိုစ)
အမေရိကန်နိုင်ငံ FREE THINK မေ ၂၇ ရက်က လှည်းတန်းခုံးကျော် တံတားအောက်တွင် မြန်မာ့အနုပညာအကကို နောက်ခံစကိတ်ကစားနေသည့် မြင်ကွင်းနှင့်တွဲဖက်၍ မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးသည်ကို တွေ့မြင်ခဲ့ရ သည်။
မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ FREE THINK မီဒီယာမှ Ms. AMANDAu “ အမေရိကန် ဝါရှင်တန်က လူတွေဟာ မြန်မာ့ယဉ်ကျေးမှုကို မသိကြဘူး။ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေ၊ အကပညာတွေ အခုနောက်ပိုင်းမှာ ပြောင်းလဲလာပြီဆိုတာကိုလည်း ဝါရှင်တန် ကသူတွေကို ပြချင်ပါတယ်။ ပြီးတော့ အရင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အနု ပညာကို ပြောင်းလဲလာတဲ့ ခေတ်ပေါ်ဂီတ၊ အနုပညာတွေနဲ့ ပေါင်းစပ်တဲ့ အနုပညာအဖြစ် မှတ်တမ်းရုပ်ရှင်လာရောက်ရိုက်ကူးခြင်းဖြစ်ပါတယ်''ဟု ပြောပြသည်။
ယခုကဲ့သို့ ရိုက်ကူးတင်ဆက်မှုကို လွန်ခဲ့သည့်လအနည်းငယ်ကတည်းကစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ယခုမေလ ၂၄ ရက်မှ စတင်ကာ ရိုက်ကူးဖြစ်ခဲ့သည်ဟု သိရသည်။ နှစ်ပတ် ခန့်ကြာ တည်းဖြတ်မှုများပြုလုပ်ပြီးနောက် ဇူလိုင်လတွင်အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။ ''ကိုယ့်မြန်မာယဉ်ကျေးမှုကို အခုလို အမေရိကန်နိုင်ငံကနေ လာရောက်ရိုက်ကူးတာတော့ဂုဏ်ယူပါတယ်။ အခက် အခဲကတော့ ကိုယ့်ဆီက မြန်မာ့ယဉ်ကျေးမှုတွေကို ရိုက်ကူးပြီးသွားမှ သူတို့က ဖျက်ဆီးမှာလားပေါ့။ အဲဒါကြောင့် မရိုက်ခင်ထဲက သေချာမေးတယ်။ မြန်မာ့ ယဉ်ကျေးမှုက ခမ်းခမ်းနားနား ထည်ထည်ဝါဝါ နဲ့ ကရတာဆိုတာ ရှင်းပြတယ်။ ဒီလို တံတားအောက်မှာကရတဲ့အတွက် ဒီလိုဟာမျိုးတွေ တွေ့သွားရင် အထင် သေးစရာတွေဖြစ်သွားမယ်ပြောတော့ သူတို့က အဲဒီပြရိပ်ကို ပြချင်တာ မဟုတ် ပါဘူး။ အဓိကကတော့ မြန်မာ့ယဉ်ကျေးမှုကို အဓိကထားပြချင်တာမို့ စကိတ် တွေနဲ့ ယှဉ်ခိုင်းနှိုင်းပြီးတော့ ရသအနုပညာအသစ်ကို ဖန်တီးပြချင်တာ ဖြစ်တယ် '' ဟု ယဉ်ကျေးမှုတက္ကသိုလ်မှ အကနည်းပြ ကိုစိုး ကပြောသည်။

No comments:

Post a Comment