Sunday, May 1, 2016

၂ဝ၁၆ ဘက်စုံပညာထူးချွန်ကျောင်းသားကျောင်းသူများ ပုသိမ်မြို့သို့ လေ့လာရေးခရီးထွက်ခွာ


The Mirror Daily's photo.
ငွေဆောင် ဧပြီ ၃ဝ
၂ဝ၁၆ ဘက်စုံပညာထူးချွန်စခန်း (ငွေဆောင်)သို့ ရောက်ရှိနေသည့် ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက်က ငွေဆောင်မှ မိုင် ၃ဝ ခန့်ကွာဝေးသော ပုသိမ်မြို့ရှိ ပုသိမ်ဟာလဝါလုပ်ငန်း၊ ပုသိမ်ထီး လုပ်ငန်းများနှင့် ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းတို့သို့ သွား ရောက်လေ့လာခဲ့ကြသည်။
ဘက်စုံထူးချွန် ကျောင်းသား ကျောင်းသူများသည် ပုသိမ်မြို့၏ မြို့ကျက်သရေဆောင် ရွှေမုဋ္ဌော ဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး အလှူငွေများလှူဒါန်းခဲ့သည်။
ထို့နောက် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ပုသိမ်မြို့၏ ရိုးရာမုန့်လုပ်ငန်းဖြစ်သော အိမ်တွင်းမှု အသေးစားလုပ်ငန်းဖြစ်သည့် ရွှေ မြင်းပျံ ဟာလဝါလုပ်ငန်းသို့ သွား ရောက်ကာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ထုတ်လုပ်သည့်စနစ်များကို လေ့လာ ခဲ့ကြပြီး ပုသိမ်မြို့၏နာမည်ကျော် ရိုးရာလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ လူမျိုးများသာမက နိုင်ငံခြားသား များပါ နှစ်သက်စွာဝယ်ယူလေ့ရှိသည့် ရွှေစာ ပုသိမ်ထီးလုပ်ငန်းသို့လည်း သွားရောက်လေ့လာခဲ့ကြသည်။
ဘက်စုံထူးချွန်လူငယ်မောင်မယ် များအား ပုသိမ်မြို့တော်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် အစိုးရအဖွဲ့က ရင်းရင်းနှီးနှီး တွေ့ဆုံကာ အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် ပုသိမ်မှ ငွေဆောင်သို့ အပြန်ခရီးတွင် ဘက်စုံထူးချွန်မောင် မယ်များသည် ပုသိမ်စက်မှုဇုန်ရှိ ဒေါင်းလောင်း(ီသညူသညါ)အထည် ချုပ်စက်ရုံသို့ ဝင်ရောက်လေ့လာခဲ့ကြ ကြောင်းသိရသည်။
သတင်း-သီသီမင်း
ဓာတ်ပုံ-ဖြိုး

No comments:

Post a Comment