Sunday, May 29, 2016

ပါကစ္စတန်ဝန်ကြီးချုပ် လန်ဒန်၌ နှလုံးခွဲစိတ်ကုသမည်






အစ္စလမ္မာဘတ် မေ ၂၈

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ်သည် အင်္ဂါနေ့တွင် လန်ဒန်၌ နှလုံးခွဲစိတ်ကုသ မည်ဖြစ်ကြောင်း ၄င်း၏မိသားစုနှင့် မီဒီ ယာများက ပြောသည်။ ယခုအကြိမ်သည် ငါးနှစ်အတွင်း ရှရစ်၏ ဒုတိယအကြိမ် နှလုံးခွဲစိတ်ခြင်းလည်းဖြစ်သည်။
၂ဝ၁၁ ခုနှစ်က ပထမအကြိမ် ခွဲစိတ် ကုသပြီးနောက် ယခုအကြိမ်သည် နှလုံး သွေးကြောချဲ့ရန်အတွက် ဖြစ်လိမ့်မည်ဟု ရှရစ်၏ သမီးဖြစ်သူ မာရမ် နာဝပ်ရှရစ်က ၄င်း၏ တရားဝင် တွစ်တာ စာမျက်နှာတွင် ပြောခဲ့သည်။
ပြည်သူသန်းပေါင်းများစွာက ၄င်း အတွက် ဆုတောင်းပေးနေကြကြောင်း စာမျက်နှာထက်တွင် ဖော်ပြခဲ့သည်။
ခွဲစိတ်မှုခံယူပြီးနောက် ရှရစ်သည် ဆေးရုံ၌ သီတင်းတစ်ပတ်ကြာနေရမည် ဖြစ်ကြောင်း၊ ဆရာဝန်၏ ခွင့်ပြုချက်ရမှ သာ ပါကစ္စတန်သို့ ပြန်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်၏ ပြောစကားကိုDawn သတင်းစာက ကိုးကားဖော်ပြသည်။
(ရိုက်တာ)

No comments:

Post a Comment