Sunday, May 29, 2016

မူးယစ်ရာဇာ ချာပိုကို အမေရိကန်သို့လွှဲပြောင်းပေးရေး ဆန့်ကျင်မှုများရှိ



 



မက္ကဆီကိုစီးတီး မေ ၂၈

မက္ကဆီကို  မူးယစ်ရာဇာ  အယ်ချာပိုဂတ်စ်မန်း၏  ရှေ့နေများသည် ၄င်းကို အမေရိကန်သို့  လွှဲပြောင်းပေးအပ်ရန်  နိုင်ငံခြားရေးဝန်ကြီးဌာန၏   ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး တရားဝင်စိန်ခေါ်၍ အမှုဖွင့်ခဲ့ကြောင်း သောကြာနေ့က သတင်းစာတစ်စောင်တွင်  ဖော်ပြခဲ့သည်။

တရားသူကြီးတစ်ဦးက ချာပိုကို ယာယီသံသယရှိသူအဖြစ် အာမခံထားကြောင်း၊ ဆိုလိုရင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယင်း၏ဆုံးဖြတ်ချက်မှန်ကန်ကြောင်း အစီရင်ခံ စာတစ်ခုကို တင်ပြရန် ၄၈ နာရီအချိန်ရကြောင်း မက္ကဆီကန်သတင်းစာ အယ်ယူနီ မာဆယ်က ဖော်ပြ သည်။

မေလအစောပိုင်းက ဂတ်စ်မန်းကို အမေရိကန်သို့ လွှဲပြောင်းပေးအပ်ရန် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ကြောင်း၊  ယင်းဌာနမှ ¤င်းကို သေဒဏ်စီရင်ချက် မချမှတ်သင့်ကြောင်း အာမခံချက်များကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment