Saturday, April 30, 2016

ကြမ်းတမ်းစွာကစားမှုကြောင့်ရာသီကုန်အထိ ဒီလီအယ်လ်လီ အနားယူရမည်


The Mirror Daily's photo.
ပရီမီယာလိဂ်ကလပ် စပါးအသင်းမှ ကွင်းလယ်ကစားသမား ဒီလီအယ်လ်လီသည် ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် စပါးအသင်း၏ လက်ကျန်ပွဲစဉ်များတွင် လွဲချော်မည် ဖြစ်ကြောင်းသိရသည်။
စပါးအသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် ဝက်စ်ဘရွန်းအသင်းနှင့် ပွဲစဉ်တွင် ဝက်စ်ဘရွန်းကစားသမား ကလောဒီယိုယာကော့ဘ်အား ကြမ်းတမ်းစွာ ကစားခဲ့မိကြောင်း ဝန်ခံခဲ့သူဖြစ်သည်။ ထို့ကြောင့် ကွင်းလယ်ကစားသမား အယ်လ်လီသည် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီး စပါးအသင်းနှင့် လက်ကျန်ပွဲစဉ်များတွင် ပါဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။
စပါးအသင်းနှင့် ဝက်စ်ဘရွန်းအသင်းတို့ တစ်ဖက် တစ်ဂိုးစီသရေပွဲဖြစ်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ပွဲကစားချိန် ၂၆ မိနစ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ် နှင့်စပ်လျဉ်း၍ ကွင်းလယ်ဒိုင်ဖြစ်သူက မည်သို့မျှ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းမရှိသော်လည်း ကင်မရာများ၏ ပြကွက် ကြောင့် ယခုကဲ့သို့ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
အင်္ဂလန်ကြယ်ပွင့် ဒီလီအယ်လ်လီသည် စပါးအသင်း နှင့် ပါဝင်လာရန်မရှိတော့သော်လည်း အင်္ဂလန်အသင်း က ရွေးချယ်မည်ဆိုပါက ဇွန်လ ၁၁ ရက်တွင် ယှဉ်ပြိုင် ကစားမည့် ရုရှားအသင်းနှင့် ပွဲစဉ်တွင် အင်္ဂလန်အသင်း နှင့်အတူ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
ကွင်းလယ်ကစားသမားအယ်လ်လီသည် စပါးအသင်း နှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် သွင်းဂိုး ၁ဝ ဂိုးသွင်း ယူပေးနိုင်ခဲ့ပြီး လက်ကျန်သုံးပွဲကစားရန်အလိုတွင် စပါး အသင်းအား အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းနှင့် ခုနစ်မှတ်အကွာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ငွေကြယ် စုစည်းရေးသားသည်

No comments:

Post a Comment