Saturday, April 30, 2016

ထင်သာမြင်သာ ပြုပြင်စရာ



တောင်ငူမြို့ လေးကျွန်းကန်တော်ကြီး အချိန်ပြည့်ဖွင့်ပေးရန် ဒေသခံများလိုလား







Myanmaalinn's photo.

 
 တောင်ငူမြို့ လေးကျွန်းကန်တော်ကြီးတွင် အများပြည်သူများ အပန်းဖြေသည့်နေရာ စံပယ်ကျွန်း၊ အုန်းကျွန်း၊ လိမ္မော်ကျွန်း၊ ငှက်ပျောကျွန်းဟူ၍ လေးကျွန်းရှိရာ ယခင်ကနှင့်မတူ ကွဲပြားခြားနားစွာ သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ ကန်တော်ကြီး ပတ်ပတ်လည်ကိုလည်း ကျွဲ၊ နွား တိရ္ဆာန် များ အ္တရာယ်ကင်းရှင်းအောင် သံဆန်ခါ များ ကာရံထားသည်။ လူသွားလမ်းစင်္ကြံ များ လျှောက်ချင်စဖွယ် လှပသေသပ်စွာ မွမ်းမံပြုပြင်ထားပြီး ရောင်စုံပန်းပင်များ ကို လှပဝေဆာအောင် အဆင့်မြင့် စိုက်ပျိုးထားရှိသည်။ ကန်တော်ကြီး ရေပြင်သည်လည်း ကြည်လင်နေပြီး အနံ့အသက်မရှိအောင် ထိန်းသိမ်း စောင့်ရှောက်ထားသည်ကို တွေ့ရ သည်။
ယခုအခါ လေးကျွန်းကန်တော်ကြီး ပန်းခြံကို အများပြည်သူသွားလာချိန် နံနက် ၄ နာရီမှ ၈ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီမှ ၆ နာရီခွဲ တစ်ကြိမ်သာ ဝင်ကြေးအခမဲ့ ဖွင့်လှစ်ပေးထား ကြောင်း သိရသည်။ ယခုအချိန်သည် သာမန်ထက် အလွန်ပူပြင်းသော အချိန်ဖြစ်သောကြောင့် အပူရှောင်စရာ သစ်ပင်သစ်ရိပ် လေကောင်းလေသန့် ရနိုင်သည့် အကျယ်အဝန်းနှင့် ကလေး ကစားကွင်းများ၊ ရုပ်ရှင်ရုံများ တောင်ငူ မြို့တွင် ပျောက်ဆုံးနေခဲ့သည်မှာ ကြာမြင့် နေပြီဖြစ်သည်။
ကန်တော်ကြီးအတွင်းသို့ လမ်း လျှောက်ထွက်သည့် ဦးသူရိန်က ''ဦးက အိမ်ကနေ လမ်းလျှောက်ထွက်လာတာ ကန်တော်ကြီးအထိ နံနက်တိုင်း ကန်တော်ကြီးတစ်ပတ် လမ်းလျှောက် တယ်။ နည်းနည်းနေမြင့်သွားရင် တံခါး ပိတ်သွားလို့ မလျှောက်လိုက်ရဘူး။ အချိန် ပြည့်ဖွင့်ပေးထားရင် ပိုကောင်းတာ ပေါ့''ဟု ပြောကြားခဲ့သည်။ တောင်ငူ မြို့တွင်း သွားလာလည်ပတ်စရာ ရှားပါး၍ တောင်ငူမြို့သည် ခရိုင်မြို့ဖြစ်သည့် အလျောက် မိသားစုလည်ပတ်စရာ နေရာတစ်ခုအဖြစ် လေးကျွန်း ကန်တော် ကြီးကို အချိန်ပြည့် ဖွင့်လှစ်ပေးထား စေချင်ကြောင်း ဒေသခံများက လိုလား လျက် ရှိကြသည်။


သူရ(တောင်ငူ)

No comments:

Post a Comment