Saturday, April 30, 2016

လီဗာပူးရှုံးနိမ့်ခဲ့ပြီး လက်ရှိချန်ပီယံ သရေရလဒ်ထွက်ပေါ်ခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

The Mirror Daily's photo.
ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန် ပရီမီယာလိဂ်ကလပ်အသင်းဖြစ်သည့် လီဗာပူးအသင်းမှာ အဝေးကွင်းတွင် ရှုံးပွဲကြုံခဲ့ပြီး လက်ရှိချန်ပီယံ ဆီဗီလာ အသင်းမှာ သရေရလဒ်သာထွက်ပေါ်ခဲ့သည်။
ဗီလာရီးယဲလ်အသင်းနှင့် လီဗာပူးအသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းသည် ယူရိုပါလိဂ်နောက်ဆုံးဗိုလ်လုပွဲ သို့ တက်လှမ်းနိုင်ရေးအတွက် အကြိတ်အနယ်ကြိုးစားခဲ့ သော်လည်း အဝေးကွင်းတွင် တစ်ဂိုး-ဂိုးမရှိဆိုသည့် ရလဒ်ဖြင့် ရှုံးပွဲကြုံခဲ့ရသည်။
ထိုသို့ လီဗာပူးအသင်း ရှုံးပွဲဖြင့်ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းမှာမူ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ဆီဗီလာ အသင်းသည် ၂ဝ၁၄ နှင့် ၂ဝ၁၅ တို့တွင် ယူရိုပါလိဂ်ပြိုင်ပွဲ ၌ ဆက်တိုက်ဗိုလ်စွဲခဲ့သည့် အသင်းဖြစ်ပြီး ယခုနှစ်တွင် လည်း ဆုဖလားဆွတ်ခူးရန် ရေပန်းစားနေသည့်အသင်း ဖြစ်သည်။
လီဗာပူးအသင်းသည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွင် နာကျင်အချိန်ပို၌ ဗီလာရီးယဲလ် ကစားသမား အက်ဒရီယန်၏ သွင်းဂိုးကို ခွင့်ပြုပေးလိုက် ရခြင်းကြောင့် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဆီဗီလာအသင်းမှာမူ ရှက်ခ်တာဒိုးနက်စ်ခ်အသင်းနှင့် ပွဲစဉ်တွင် ပွဲကစားချိန် ၆ မိနစ်တွင် ပီရက်ဇ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ပွဲကစားချိန် ၂၃ မိနစ်နှင့် ၂၅ မိနစ်တို့တွင် နှစ်ဂိုးဆက်တိုက်ခွင့်ပြုပေးခဲ့ရသည်။
သို့ရာတွင် ပွဲကစားချိန် ၈၂ မိနစ်တွင် ဂါမီယို၏ သွင်းဂိုး ကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ သည်။
ထို့ကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆုဖလားဆွတ်ခူး ရန် ရေပန်းစားနေသည့် လီဗာပူးအသင်းနှင့် လက်ရှိ ချန်ပီယံ ဆီဗီလာအသင်းတို့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အကောင်းဆုံးရလဒ်ထွက်ပေါ်မည် လားဆိုသည်မှာ စောင့်ကြည့်ရဦးမည်လည်းဖြစ်သည်။
ငွေကြယ် ရေးသားသည်

No comments:

Post a Comment