Thursday, April 28, 2016


မိုးမြင့်လင်းလက်

စပိန်မြေက လာလီဂါပွဲစဉ် (၃၆) ကို ဧပြီ ၃ဝ ရက်မှာ ဆက်လက် ကစားဖို့ ရှိနေပါတယ်။ ဘယ်အသင်း လာလီဂါဖလားဆွတ်ခူးပြီး ဘယ် အသင်း ဆင်းသွားမလဲ ဆိုတာက လည်း ပီပြင်ပြတ်သားမှုမရှိသေးတာ မို့ အသင်းတိုင်းနောက်ဆုံးပန်းတိုင် အထိ အားသွန်ခွန်စိုက်ကြိုးစားနေရ ဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေ မှာတော့ အသင်းကြီးတွေအခြေ အနေကောင်းပြီး ရမှတ်အပြည့်သိမ်း ပိုက်ကာ အောင်ပွဲခံဖို့ရှိနေတာတော့ အမှန်ပါပဲ။

ဆိုစီဒက်နှင့်ရီးရဲမက်ဒရစ်
ဆိုစီဒက်တို့က အိမ်ကွင်းမှာဆိုရင် ရီးရဲမက်ဒရစ်ကို ဂိုးပြတ်သွင်း နိုင်ပွဲ ရယူခဲ့တဲ့ မှတ်တမ်းရှိထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ သုံးပွဲရလဒ် ကိုကြည့်ရင်တော့ ရီးရဲမက်ဒရစ်တို့ က နှစ်ပွဲနိုင်ပြီး တစ်ပွဲရှုံးထားတာမို့ ဆိုစီဒက်ကိုအထင်သေးလို့တော့မရ ပါဘူး။ လောလောဆယ်မှာတော့ ရီးရဲမက်ဒရစ်တို့က ပွဲတိုင်းနီးပါး နိုင်ပွဲတွေရယူနေတာမို့ အခုပွဲမှာ အဝေးကွင်းဖြစ်ပေမယ့် ရီးရဲမက် ဒရစ်တိုက်စစ်မှူးတွေ ဂိုးပြတ်သွင်း အောင်ပွဲခံနိုင်ရေး ကြိုးစားပါလိမ့် မယ်။ ဒီနှစ် လာလီဂါဖလားအတွက် မျှော်လင့်ချက်ရှိနေသေးတဲ့ ရီးရဲ မက်ဒရစ်တို့က ဒီပွဲကိုမဖြစ်မနေ အနိုင်ရလဒ်ထွက်ပေါ်ရေး စွမ်း ဆောင်မှာသေချာပါတယ်။ 

ဘတ်တစ်နှင့် ဘာစီလိုနာ
အခုတလောနိုင်ပွဲတွေဆက်နေတဲ့ ဘတ်တစ်တို့ကို ဘာစီလိုနာတို့ ခက်ခဲစွာရင်ဆိုင်ရမယ့်အနေအထား ဖြစ်နေပါတယ်။ ပထမအကျော့ပွဲစဉ် မှာ လေးဂိုးပြတ်ရှုံးခဲ့တဲ့ ဘတ်တစ် တို့ အခုပွဲမှာ တစ်မှတ်ရနိုင်အောင် ကြိုးစားလာပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံပွဲမှာ ဘာစီ လိုနာတို့ချည်း နိုင်ပွဲရခဲ့တာရှိပေမယ့် လက်ရှိအချိန်မှာ ဘတ်တစ်တို့က ပုံစံကောင်းတွေရရှိနေတာမို့ ဘာစီ လိုနာတို့ ထင်သလောက် မလွယ်ပါ ဘူး။ ဒါပေမယ့် တစ်ဦးချင်းရော အသင်းလိုက်ပါ စွမ်းဆောင်ရည်မြင့် မားတဲ့ ဘာစီလိုနာကို ခံစစ်ပိုင်း အားနည်းချက်ရှိနေတဲ့ ဘတ်တစ်တို့ ခြေရည်တူကစားဖို့ ခက်ခဲပါလိမ့် မယ်။ ဘာစီလိုနာတို့ပဲ နိုင်ပွဲရသွားပါ လိမ့်မယ်။

ဂီဂျွန်နှင့်အီဘာ
တန်းဆင်းဇုန်ထဲက ရုန်းထဖို့ အပြင်းအထန် အားထုတ်လာမယ့် ဂီဂျွန်တို့က အီဘာနဲ့ပွဲမှာ အမှတ်ရ အောင်ယူပါလိမ့်မယ်။ အီဘာတို့က နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်တွေမှာ ကိုးပွဲဆက်တိုက်နိုင်ပွဲ တွေ ပျောက်ဆုံးနေတာမို့ အခုပွဲမှာ ဂီဂျွန်တို့ အခွင့်အရေးကောင်းတွေ ရရှိသွားနိုင်ပါတယ်။ ဂီဂျွန်တို့က အီဘာနဲ့နောက်ဆုံးသုံးပွဲတွေ့ဆုံခဲ့မှု ရလဒ်ကိုကြည့်ရင် အီဘာက နှစ်ပွဲ နိုင်ပြီး ဂီဂျွန်က တစ်ပွဲသာနိုင်ထားခဲ့ ပါတယ်။ ဒါပေမယ့် အခုပွဲက အိမ် ကွင်းဖြစ်တာမို့ ဂီဂျွန်တို့ အမှတ်ပြည့် ရယူသွားနိုင်တဲ့ပွဲပါပဲ။

အက်သလက်တီကိုနှင့်
ဗယ်လီကာနို
အက်သလက်တီကိုတို့က အိမ် ကွင်းမှာ ပြိုင်ဘက်တွေကို နိုင်ပွဲရ အောင် ကြိုးစားနိုင်တဲ့ခြေစွမ်းရှိတာ မို့ ဗယ်လီကာနိုတို့ ခက်ခဲတဲ့ပွဲဖြစ်ပါ လိမ့်မယ်။ လာလီဂါဖလားကို မျှော် လင့်နေသေးတဲ့ အက်သလက်တီကို တို့က အခုပွဲမှာ ပွဲပန်းနေပေမယ့် အသင်းလိုက် ကစားအားကောင်းမွန် တာမို့ တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးနဲ့ အတူ အောင်ပွဲခံဦးမှာဖြစ်ပါတယ်။

ဂရန်နာဒါနှင့်လက်စ်ပယ်မက်စ်
တန်းမဆင်းရရေးကြိုးစားမယ့် ဂရန်နာဒါရဲ့လက်ရှိအနေအထားက ဒီပွဲမှာ ရလဒ်ကောင်းမှ ရပါလိမ့်မယ်။ ဒီနှစ်သင်း နောက်ဆုံးသုံးပွဲ တွေ့ဆုံ မှုမှာ တစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ် ထားပါတယ်။ လက်စ်ပယ်မက်စ်တို့ ကလည်း တန်းဆင်းဇုန် မကျဆင်း အောင် ဒီပွဲကိုအားထည့် ကစားပြီး အနိမ့်ဆုံးတစ်မှတ်ရအောင် အားထုတ် လာမှာဖြစ်ပါတယ်။ အကြိုက်က ဂရန် နာဒါဖြစ်ပြီး အနိမ့်ဆုံးတစ်မှတ်တော့ ရနိုင်ပါလိမ့်မယ်။ လာလီဂါမှာ ဒီနှစ် သင်းရဲ့ စုစုပေါင်းတွေ့ဆုံမှုကိုကြည့် ရင် ဂရန်နာဒါက ၁၁ ပွဲနိုင်ပြီး လက်စ်ပယ်မက်စ်က ရှစ်ပွဲနိုင်ကာ သရေပွဲခြောက်ပွဲ ဖြစ်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းက အားရစရာမရှိ ပေမယ့် အိမ်ရှင်ရဲ့ တန်းမဆင်းရရေး ရုန်းကန်အားကြောင့် သရေဖြစ်သွား နိုင်တဲ့ပွဲဖြစ်ပြီး အမှတ်ခွဲယူရကိန်း ဆိုက်သွားနိုင်တဲ့ ပွဲပါပဲ။ ။

No comments:

Post a Comment