Thursday, April 28, 2016

နှစ်နိုင်ငံဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်မည့်အခြေအနေများ ဆွေးနွေး

Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိပါတီစုံဒီမိုကရေစီခေတ်၏ ဒုတိယအစိုးရ ကာလ၊ အပြောင်းအလဲကာလတွင် တပ်မတော်၏ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး အရ ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တပ်မတော်၏ သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ မိမိနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံ တကာ ဆက်ဆံရေးအခြေအနေ၊ မြန်မာ-အမေရိကန်နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန်ယုံကြည်မှုကိုအခြေခံ၍ ဆက်ဆံရေးတိုးမြှင့်နိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဧည့်သည်တော် သံအမတ်ကြီးကလည်း ¤င်းတာဝန်ထမ်းဆောင်မည့် ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယအကြီးအကဲနှင့် စစ်သံမှူးတို့ တက်ရောက်ကြသည်။

(မြဝတီ)

No comments:

Post a Comment