Thursday, April 28, 2016

အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာနိုင်တဲ့ ဟယ်ရီကိန်း

ကောင်းမြတ်သူ-စုစည်းသည်

အလန်ရှီးယားပြီးနောက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်မှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာနိုင်တယ်လို့ ဂရာမီဆောင်းနက်စ်က ချီးကျူး ပြောဆိုလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ ဒီနှစ်ပရီမီယာလိဂ်မှာ စပါး အသင်းချန်ပီယံဖြစ်ရေး အဓိကခြေစွမ်းပြကစားနေတာပါ။ ဒီနှစ်ထဲမှာ ပရီ မီယာလိဂ်ဂိုး ၂၄ ဂိုးသွင်းယူထားပါတယ်။ နယူးကာဆယ်အသင်းရဲ့ နာမည် ကြီးဝါရင့်ကစားသမားကြီး အလန်ရှီးယားဟာ ဂိုးပေါင်း ၂၆ဝ သွင်းပြီး အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးသက်တမ်း တစ်လျှောက် နယူးကာဆယ်အသင်းနဲ့အတူ ဂိုးပေါင်း ၂၆ဝ ကျော်သွင်းယူ ခဲ့သူပါ။ သူဟာ အင်္ဂလန်ကစားသမားတွေထဲမှာတော့ စံချိန်တင်တိုက်စစ်မှူး ပါ။ ဟယ်ရီကိန်းအနေနဲ့ အလန်ရှီးယားရဲ့ခြေစွမ်းကို လိုက်မီနိုင်တဲ့ကစားသမား ဖြစ်လာနိုင်ပါတယ်။ ဟယ်ရီကိန်းဟာ အနာဂတ်မှာ အင်္ဂလန်အသင်း ခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့လည်း ပြောဆိုနေကြ
ပါတယ်။ စပါးအသင်း ရဲ့အဆုံးအဖြတ်ဂိုးတွေကိုလည်း ဟယ်ရီကိန်းက သွင်းပေးလေ့ရှိပါတယ်။ ဟယ်ရီကိန်းဟာ ယခုနှစ်ပရီမီယာလိဂ်မှာ ဂိုးပေါင်း ၂၄ ဂိုးအထိသွင်းယူထား တဲ့အတွက် ထိပ်တန်းဂိုးသွင်းသမားအဖြစ် ရပ်တည်လျက်ရှိပါတယ်။

No comments:

Post a Comment