Thursday, April 28, 2016

မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပခရီးသွားလည်ပတ်မှုမြင့်တက်လာ

The Mirror Daily's photo.
ရေး ဧပြီ ၂၇
မွန်ပြည်နယ်အတွင်းသို့ ပြည်တွင်းပြည်ပမှ ခရီးသွားများလာရောက်မှုမှာ ၂ဝ၁၆ ခုနှစ် မတ်လအထိ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု ၄၂၂၉၈ ဦးဖြစ်သည်။ ၂ဝ၁၅ ခုနှစ် မတ်လ ကာလတူတွင် ၄၁၈၆၉ ဦး လာ
ရောက်လည်ပတ်ခဲ့ရာ ယခုနှစ်တွင်၄၂၉ဦး တိုးတက်မြင့်လာနေကြောင်း၊ ပြည်တွင်းခရီးသွားများ ၂ဝ၁၆ ခုနှစ် မတ်လတွင် ၈ဝ၁ဝ၃၁ ဦးဖြစ်ကာ ၂ဝ၁၅ ခုနှစ် မတ်လအထိ ၆၆၈၇၅ဝ ဦးဖြစ်၍ ကာလတူနှိုင်းယှဉ်လျှင် ၁၃၂၂၈၁ ဦး တိုး
တက်လာကြောင်း မွန်ပြည်နယ်ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။
ပြည်ပခရီးသွားများ လာရောက်ရာတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကနေ တစ်ဆင့်လေဆိပ်မှ ဝင်ရောက်ကြသည့်အပြင် နယ်စပ်ဝင်ပေါက်များဖြစ်သော တမူး၊ တာချီလိတ်၊မြဝတီ၊ ထီးခီးနယ်စပ်ဂိတ်မှလည်း ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊စက်ဘီးများစီးနင်း၍ အုပ်စုအလိုက်လည်းကောင်း၊ တစ်ဦးချင်းအလိုက်လည်းကောင်း ဝင် ရောက်လည်ပတ်ခဲ့ကြကြောင်း ဦးဟောက်ကျင် မုန်က ဆက်လက်ပြောကြားသည်။
ပြည်တွင်းပြည်ပမှ ဝင်လာသောခရီးသွားများမှာ ဟိုတယ်နှင့်တည်းခိုခန်းသို့ ၂ဝ၁၅ ခုနှစ်ဝင်ရောက်မှုများတွင် ပြည်တွင်း ၁၇၇၅၂၂၄ ဦး ပြည်ပမှ ၁ဝ၆၅၂၁ဦး ဖြစ်ကာ ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ပြီး ရန်ကုန်လေဆိပ်မှ တစ်ဆင့်ဝင်ရောက်ကြပြီး မြဝတီနယ်စပ်ကနေတစ်ဆင့် ဝင်ရောက်မှုများလည်းရှိသည်။ အနောက်ဥရောပနိုင်ငံများဖြစ်သော အီတလီ၊ပြင်သစ်၊ စပိန်နိုင်ငံသားများလာရောက်လည်ပတ်မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး ကော့သောင်းမှတစ်ဆင့် အပျော်စီးရွက်လှေများဖြင့်လည်း လာရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားခရီးသွားအများစုမှာ ဒေသအတွင်းသို့ လည်ပတ်လျက်ရှိရာတွင် သမိုင်းဝင်ဘုရား စေတီပုထိုးများ၊ ရှေးဟောင်းယဉ်ကျေးမှုပြခန်း၊သမိုင်းဝင်လှိုဏ်ဂူဖြစ်သော ကျိုက်မရောမြို့မှ ခရုံဂူ၊ ဖားဖောင်ဂူ၊ သဘာဝတောတောင်ရေမြေ ရှုခင်းများ၊ ကျိုက္ခမီ၊ စက်စဲ၊ ရေး၊ ကဗျာဝ၊ ဘုရားတောင်ပင်လယ်ဝ အပန်းဖြေစခန်းကမ်းခြေ များသို့ အဓိကသွားရောက်လေ့လာကြကြောင်း သိရသည်။
ပြည်တွင်းပြည်ပမှ ခရီးသွား မြင့်တက်လာ သည်နှင့်အမျှ နေ့စဉ် နိုဝင်ဘာလမှစ၍ မေလ ကုန်အထိ ခရီးသည်များပြားသည့်ကာလများ တွင် ဟိုတယ်၊ တည်းခိုခန်း လိုအပ်ချက်များရှိနေပြီး ကျန်သည့်ဇွန်လမှ အောက်တိုဘာလကုန်အထိ ခရီးသွားများနည်းပါးသည့် ကာလတွင် အခန်းများ လုံလောက်မှုရှိနေကြောင်း သိရသည် ။
မွန်ပြည်နယ်အတွင်း လုပ်ပိုင်ခွင့်ရထားသော ဟိုတယ် ၂၆ လုံးရှိပြီး တည်းခိုခန်း ၁၇လုံးရှိရာ အခန်းပေါင်း ၁၄၉၆ ခန်းရှိပြီး တည်ဆောက်၊ လျှောက်ထားဆဲဟိုတယ်၊ တည်ခိုခန်း မှာ ၁၄ လုံးရှိရာ အခန်းပေါင်း ၅၆၈ ခန်း ရှိနေကြောင်း သိရသည်။
ထွဋ်ထွဋ်(ရေး)

No comments:

Post a Comment