Saturday, April 30, 2016

အာဆီယံနိုင်ငံများစက်ဘီးစီးပွဲတော်မြန်မာနိုင်ငံ၌ပထမဆုံးကျင်းပမည်

သတင်း- မောင်စိန်လွင်

ရန်ကုန် ဧပြီ ၂၉

အာဆီယံနိုင်ငံများ အချင်းချင်းစည်းလုံး ညီညွတ်ရေးနှင့် စက်ဘီးအားကစား ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ကျင်းပမည့် အာဆီယံနိုင်ငံများ စုပေါင်းစက်ဘီးစီး ပွဲတော်ကြီးကို ယခုလာမည့် မေ ၂၂ ရက်တွင် မြန်မာနိုင်ငံက ပထမဆုံး အကြိမ်အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစက်ဘီးအားကစား အဖွဲ့ချုပ်မှ သိရသည်။
''အခုကျင်းပမယ့် အာဆီယံနိုင်ငံ များ စက်ဘီးစီးပွဲတော်ဟာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲတော်က အာဆီယံနိုင်ငံတွင် နှစ်စဉ်အလှည့်ကျ ကျင်းပလာတာ ခုဆိုရင် ကျွန်တော်တို့နိုင်ငံဟာကိုးနိုင်ငံမြောက်ပါ။ အဓိကရည်ရွယ်ကျင်းပတာကတော့ စက်ဘီးအားကစားသမား အချင်းချင်းစည်းလုံးညီညွတ်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အရှေ့တောင်အာရှစက်အဖွဲ့ချုပ် ဦးဆောင်ကျင်းပတာဖြစ်ပါတယ်''ဟု မြန်မာ နိုင်ငံ စက်ဘီးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်မင်းသန်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပမည့် အဆိုပါ စက်ဘီးစီးအားကစားပွဲတော်ကြီးကို အရှေ့ တောင်အာရှ စက်ဘီးအဖွဲ့ချုပ်က ဦးစီးကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများတွင်မှ နိုင်ငံကိုယ်စားပြုအားကစားသမား ၁ဝ ဦးစီ ဝင်ရောက်မည်ဖြစ်ပြီးအိမ်ရှင်မြန်မာနိုင်ငံအနေဖြင့် စက်ဘီးစီးအားကစားသမား၂ဝဝ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် စုစုပေါင်းအားကစားသမား ၂၉ဝ ဝင်ရောက်စီးနင်းမည်ဖြစ်သည်။ ယင်းပွဲတော်တွင် အသက်အရွယ်မရွေး အမျိုးသား၊ အမျိုး သမီး မည်သူမဆိုဝင်ရောက်ပါဝင်နိုင်မည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် မေ၂၂ ရက် နံနက် ၆ နာရီခွဲတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝ္ဏရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး ဝေဇယ္တာလမ်းအတိုင်း ကျောက်ရေတွင်း သို့ ရောက်လျှင် ပြန်ကွေ့၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ပြန်လည်ပန်းဝင်မည်ဖြစ်ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment