Saturday, April 30, 2016

မန်ယူမန်နေဂျာရာထူးအတွက်လောရင့်ဘလန်ထင်ကြေးပေးခံလာရ


ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်သည် မန်ယူအသင်း မန်နေဂျာသစ်ဖြစ်လာနိုင်ကြောင်း The Sunသတင်းစာ က ရေးသားဖော်ပြခဲ့သည်။ မန်ယူအသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲ တွင် ဗိုလ်လုပွဲအဆင့် တက်ရောက်ထားနိုင်ခဲ့သော်လည်း လာမည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရေးအတွက် ရုန်းကန် နေရမှုကြောင့် မန်နေဂျာလူးဝစ်ဗန်ဟားလ်အပေါ် ဝေဖန်မှုများထွက်ပေါ် နေပြီး လာမည့်နွေရာသီအတွင်း ဗန်ဟားလ်၏နေရာတွင် ချယ်လ်ဆီး မန်နေဂျာဟောင်း မော်ရင်ညိုအား အစားထိုးခန့်အပ်လိမ့်မည်ဟု ထင်ကြေးပေးမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

သို့သော်လည်း မန်ယူအသင်းဘုတ်အဖွဲ့ဝင်အချို့သည် ပြင်သစ် ခံစစ်မှူးဟောင်း လောရင့်ဘလန့်အား မန်ယူမန်နေဂျာသစ်အဖြစ် ခန့်အပ် သွားရန် လိုလားလျက်ရှိကြောင်းThe Sun သတင်းစာက ဖော်ပြခဲ့ သည်။ အသက် ၅ဝ နှစ်အရွယ်ရှိ လောရင့်ဘလန့်သည် ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ မန်ယူအသင်းတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး မန်ယူ အသင်းနှင့်အတူ ပရီမီယာလိဂ်ဆုဖလားတစ်ကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။ 

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ ကဟီလာဖီကမူနည်းပြ လောရင့်ဘလန့် သည် လာမည့်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အတည်ပြု ပြောဆိုထားသည်။

အခြားသတင်းတစ်ပုဒ်တွင်မူ မော်ရင်ညိုသည် မန်ယူအသင်းနှင့် နှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း မန်ယူအသင်းအနေဖြင့် မန်နေဂျာ ရာထူးနေရာကို အပြောင်းအလဲပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း ရေးသားဖော်ပြထားသည်။ မန်ယူအသင်း ဘုတ်အဖွဲ့အနေဖြင့် ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည့် မန်နေဂျာဗန်ဟားလ်အပေါ် ထောက်ခံမှု အပြည့်အဝရှိနေဆဲဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်၌ မန်ယူ အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရရှိခဲ့ဘဲ အက်ဖ်အေချန်ပီယံ ဆုဖလားကို မရယူနိုင်ခဲ့သည့်တိုင် ဗန်ဟားလ်သည် မန်ယူနှင့် စာချုပ် သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက်တာဝန်ယူခွင့်ရရှိလိမ့်မည် ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ရေးသားထားသည်။
မန်နေဂျာ ဗန်ဟားလ်နှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ လာမည့်ဘောလုံးရာသီအကုန်တွင် ပြီးဆုံးမည် ဖြစ်သည်။ အောင်က

No comments:

Post a Comment