Saturday, April 30, 2016

ဧဝရက်တောင်တက်လမ်းရေခဲပြိုကျ၍မြန်မာတောင်တက်သမား များစောင့်ဆိုင်းခဲ့ရ

မျိုးမင်းသိန်း(မရမ်းကုန်း)

ရန်ကုန် ဧပြီ ၂၉

က္ဘာ့အမြင့်ဆုံး ဧဝရက်တောင်၏ Base Camp ၌ ရောက်ရှိနေသော မြန်မာတောင်တက်သမားအဖွဲ့သည် အမြင့် ၂၃၆၂၅ ပေမြင့်သော Camp-3 သို့ တက်ရောက်ရန် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁ နာရီခွဲတွင် စတင်ထွက်ခွာခဲ့ရာ တောင်ပေါ် ရာသီ ဥတု၏ ရေခဲပြိုကျမှုများ မကြာခဏဆို သလို ဖြစ်ပေါ်နေ၍ အခြေစိုက်စခန်း Base Camp သို့ ပြန်လည်ဆင်းသက် ခဲ့ရကြောင်း မြန်မာနိုင်ငံ ခြေလျင် တောင်တက်အဖွဲ့ချုပ်မှ သိရသည်။
မြန်မာတောင်တက်သမားသုံးဦး သည် ဒေသစံတော်ချိန် နံနက် ၁ နာရီ တွင် သတ်မှတ်တောင်တက်လမ်း ကြောင်းများအတိုင်း တက်ရောက်ခဲ့ သည်။ Camp-1 သို့မရောက်မီ နံနက် ၃ နာရီခွဲတွင် တောင်တက်လမ်း ကြောင်း တစ်လျှောက်၌ ရေခဲပြိုကျ သဖြင့် ရှေ့ဆက်မတက်နိုင်ဘဲ လမ်းပိတ် ဆို့မှုများ တွေကြုံခဲ့ရသည်။ ယင်းဖြစ် စဉ်အပေါ် မြန်မာတောင်တက်သမား ကိုပြည့်ဖြိုးအောင်၊ ကိုညီညီအောင် နှင့် ကိုဝင်းကိုကို တို့သည် ရှေ့ဆက်မတက်တော့ဘဲ တောင်ပေါ်အခြေစိုက်စခန်းBase Camp သို့ ပြန်လည် ဆင်းသက်ကာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
ယခုနှစ်တွင် ဧဝရက်တောင်သို့တက်ရောက်ရန် နီပေါအစိုးရ အနေဖြင့် အဖွဲ့လိုက် ပြည်ပတောင်တက်သမား ၂၈၉ ဦးအား ခွင့်ပြုထားကြောင်း သိရသည်။ ယခု တောင်ပေါ် ရေခဲပြိုကျမှု များ ကြုံတွေ့နေရချိန်တွင် မြန်မာတောင်တက်အဖွဲ့နှင့်အတူ မရှေးမနှောင်းတွင် အခြားတောင်တက်အဖွဲ့တစ်ဖွဲ့လည်းရှိနေ ကြောင်း မြန်မာနိုင်ငံခြေ
လျင်တောင်တက်အဖွဲ့ ချုပ်မှ သိရသည်။ 

မြန်မာတောင်တက်အဖွဲ့သည် တောင်ခြေစခန်း Base Camp ၌ ဘေးကင်းလုံခြုံစွာရောက်ရှိနေပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ အဖွဲ့ သားအားလုံး ကောင်းမွန်ကြောင်း သိရသည်။ Base Camp မှ တောင်တက် စခန်း(၁)သို့ တက်ရောက်ရာ လမ်းတစ်လျှောက်၌ ပိတ်ဆို့ သွားသော ရေခဲများအား ဖယ်ရှားရန် ICE FALL DOCTOR နှစ်ဦးသည် ယင်းနေ့နံနက် ၅ နာရီခွဲက တက် ရောက်သွားခဲ့သည်။ တောင်တက်ရှင်းလင်းရေးအဖွဲ့များ လမ်း ကြောင်း ရှင်းလင်းပြီးလျှင် မြန်မာတောင်တက်အဖွဲ့အနေဖြင့် မူလအစီအစဉ်အတိုင်း ပြန်လည်တက်ရောက်မည်ဖြစ်သည်။

''မြန်မာတောင်တက်သမားသုံးဦးကတော့ တောင်ပေါ်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါစေ၊ မြန်မာနိုင်ငံအလံကို က္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်မှာ စိုက်ထူသွားဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်ပါတယ်။ သူတို့ ရောက်အောင် ဇွဲ လုံ့လ ဝီရိယ အပြည့်နဲ့ ကြိုးစားတက်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် တောင် တက်အားကစားရဲ့ အဓိကပြိုင်ဘက်က ခန့်မှန်းရခက်ခဲလှတဲ့ သဘာဝတရား တောင်ပေါ်ရာသီဥတုဖြစ်တယ်။ ဒါကတော့ တောင်တက်အားကစားသမားတွေရဲ့ ရည်ရွယ်ချက်၊ မျှော်လင့် ချက်တွေကို ရိုက်ချိုးဖို့အတွက် အချိန်နေရာဒေသ ဘာမျှမသိရဘဲ ရောက်လာတတ်တဲ့အရာပါ။ ဒါကို ကြံ့ကြံ့ခံပြီး ခိုင်မာတဲ့စိတ်ဓာတ် တွေအပြည့်နဲ့ တွန်းလှန်နိုင်မှ အောင်မြင်မှု ပန်းတိုင်ကို ရရှိမှာ ပါ။ မြန်မာတောင်တက်အဖွဲ့သားတွေ အောင်မြင်ပါစေ''ဟု မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧဝရက်တောင်တက်ခရီးစဉ်အတွက် ထူးဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စုက ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။ ဧဝရက်တောင်တက်ခရီးစဉ်များသမိုင်းတွင် လူအများဆုံးသေဆုံးခဲ့သည်မှာ ၁၉၉၆ ခုနှစ်တွင် တောင်တက် သမား ၁၅ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် တောင်တက်သမား ၁၁ ဦး ရှိပြီး ၂ဝ၁၄ ခုနှစ် တောင်တက်ရာသီတွင် ရေခဲများ ရုတ်တရက် ပြိုကျမှု၊ ဆီးနှင်းများ ပျော်ကျမှုကြောင့် တောင်တက်သမား ၁၆ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် နီပေါအစိုးရက ၂ဝ၁၄ ခုနှစ် တောင်တက်ရာသီခရီးစဉ်ကို ပိတ်သိမ်းလိုက် ကြောင်း မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်မှ သိရသည်။
ဧဝရက်တောင်၏ အ္တရာယ်အကြီးဆုံးဧရိယာသည် ရေခဲပိုကျသည့်ု့ာကဘေ ဒေသဖြစ်ပြီး
မျှော်မှန်းမထားနိုင်သော ရေခဲကျဆင်းမှုများသည် အ္တရာယ် အကြီးမားဆုံးဖြစ်သည်။ ဧဝရက်တောင်ထိပ်၏ အပူချိန်သည် အေးခဲသည့် ပမာဏထက် မည်သည့်အခါမျှ မြင့်မားလေ့မရှိဘဲ ဆောင်းရာသီတွင် - ၃၆ ဒီဂရီစင်တီဂရိတ်၊ ယခုနွေရာသီတွင် - ၁၉ ဒီဂရီစင်တီဂရိတ် ပျမ်းမျှရှိကြောင်း သိရသည်။

No comments:

Post a Comment