Friday, April 29, 2016

တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်စောင့်ကြပ်မှုများ အမေရိကန်လေတပ် စတင်




The Mirror Daily's photo.


မနီလာ ဧပြီ ၂၈

တောင်တရုတ်ပင်လယ်အငြင်းပွားနယ်မြေအတွင်း မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်ရန် တရုတ်နိုင်ငံက စီစဉ်လျက်ရှိသည့်အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ်ကာလအတွင်း အမေရိကန်လေတပ်က ဖိလစ်ပိုင်နိုင်ငံရှိ လေတပ်အခြေစိုက်စခန်းတစ်ခုက တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်မှုများ စတင်လိုက်ပြီဖြစ်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

HH-60 ရဟတ်ယာဉ်များနှင့် A-10 တိုက်လေယာဉ်များသည် ဧပြီ ၁၉ ရက်က ဖိလစ်ပိုင်နိုင်ငံ ကလပ်ခ်လေတပ်အခြေစိုက် စခန်းမှ ၎င်းတို့၏ပထမဆုံးသော ပျံသန်းရေး မစ်ရှင်ကို လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် လေတပ်က ပြောကြားသည်။ တိုက်လေယာဉ်များသည် လူဇုံကျွန်းအနောက်ဘက် ကီလို မီတာ ၂ဝဝ ခန့်အကွာရှိ စကားဘရော့ သောင်စွယ်အနီးရှိ နိုင်ငံတကာလေပိုင်နက်အတွင်းမှ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကင်းလှည့်ရေး မစ်ရှင်ကို ရက်သတ္တပတ်ပေါင်းများစွာကြာသည့်တိုင်ပြုလုပ်ရန် စီစဉ်ထားကြောင်း အမေရိကန်လေတပ်က ဆိုသည်။ အဆိုပါသောင်စွယ်ဝန်းကျင်၌ ဆန်းစစ် လေ့လာရေးလုပ်ငန်းများ လုပ်ဆောင်နေပုံပေါ်သော တရုတ်ရေယာဉ်များနှင့်ပတ်သက်၍ အလွန်ပင်စိုးရိမ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း မြေပြုပြင်ရေးလုပ်ငန်း စတင်နိုင်သည့် အခြေအနေရှိသောကြောင့် အမေရိကန် ပြည်ထောင်စုက မျက်ခြည်မပြတ်စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စကားဘရော့သောင်စွယ်မှာ ဖိလစ်ပိုင်နိုင်ငံ၏ အထူးသီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိပြီး ရှေးယခင်ကတည်းက ဖိလစ်ပိုင် တံငါသည်များအတွက် ငါးဖမ်းဆီးရာ နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယင်းသောင်စွယ်မှာ ဖိလစ်ပိုင်အာဏာပိုင်များက တရုတ်ငါးဖမ်းလှေများကို ဖမ်းဆီးကာ ကင်းလှည့်ရေယာဉ်များဖြင့် ကင်းလှည့်မှုများ စတင်ခဲ့သော ၂ဝ၁၂ ခုနှစ်ကစပြီး တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment