Friday, April 29, 2016

လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်များကို ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်


Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၈

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုး သားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကို ဦးတည်၍သွားနေကြောင်း၊ ရေရှည်အကျိုးကိုကြည့်၍ အပြန် အလှန်နားလည်မှု၊ သည်းခံမှု၊ လေးစားယုံကြည်မှုများဖြင့် အားလုံး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြစေ လိုကြောင်း၊ ငြိမ်းချမ်းပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချင်း ချင်း ညီညီညွတ်ညွတ် လုပ်ကိုင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ယနေ့နံနက် ၁ဝ နာရီတွင် ပဲခူး တိုင်းဒေသကြီး လွှတ်တော်အဆောက် အအုံ၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ဆိုင်ရာအတွေ့အကြုံများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အသွေး မြှင့်တင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အဂတိတရားကင်းရှင်း ရေး၊ အုပ်ချုပ်ရေးနှင့်လွှတ်တော် များပူးပေါင်း၍ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ် များဖြစ်သည့်အတွက် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးရမည့် တာဝန်မှာ မိမိတို့အလုပ်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒ၊ လိုအပ် ချက်များကို လွှတ်တော်သို့ တင်ပြပေး ရမည်ဖြစ်ပြီး လွှတ်တော်အတွေ့အကြုံ များကို ပြည်သူသိရှိရန် ရှင်းပြပေး ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ၏ မဲဆန္ဒနယ်များကို ကွင်းဆင်း ၍ ပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို ထဲထဲဝင်ဝင် သိရှိ အောင် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက် သည့် အနေအထားမျိုးမဖြစ်အောင် သတိပြုရမည်ဖြစ်ပြီး ညှိနှိုင်းပေါင်းစပ် သည့် သဘောဖြင့်သာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အပြန်အလှန်ထိန်း ကျောင်းခြင်းနှင့် ဝင်ရောက်စွက်ဖက် ခြင်းအကြားတွင် သတိထားဆောင် ရွက်ရမည်ဖြစ်ကြောင်း။
ပြည်သူများအကျိုးအတွက် ဆောင်ရွက်ပေးရာတွင်လည်း ပြည်သူ များကို ခြိမ်းခြောက်ခြင်း၊ အကျပ်ရိုက် စေခြင်းမျိုးမဖြစ်အောင် အထူးသတိ ပြုရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်များကို အသုံးပြုရာတွင်လည်း အလွဲသုံးစား ပြုသည့် သဘောမဖြစ်အောင် သတိ ပြုရမည်ဖြစ်ကြောင်း၊ ပြည်သူသာ အမိ၊ ပြည်သူသာအဖ စိတ်မွေးမြူ၍ ခြေသုတ်ပုဆိုးြေ>ွမစွယ်ကျိုးကဲ့သို့ ဆက်ဆံကြစေလိုကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် ကျင့်ဝတ်၊ စည်း ကမ်းများနှင့်အညီ ကိုယ့်ဂုဏ် ကိုယ့်သိက္ခာဖြင့် နေထိုင်ကြရန် လိုကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် လွှတ်တော် လုပ်ငန်းစဉ်ကို ဟန့်တားနှောင့်ယှက် သည့်သဘောမဖြစ်စေရန် သတိပြု ရမည်ဖြစ်ကြောင်း၊ မတူကွဲပြားသည့် အယူအဆများကို သဘောထား ကြီးကြီးဖြင့် စိတ်ရှည်သည်းခံကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရ မည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့် အညီသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း။
ဥပဒေများ ပြုရာတွင်လည်း အဂတိတရားကင်းစင်သည့် လူ့ အသိုင်းအဝိုင်း ပေါ်ပေါက်လာရေး နှင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကို အထောက်အပံ့ဖြစ်သည့် ဥပဒေ များဖြစ်ရန် လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံကို ကမ္ဘာ့အလယ်တွင် ပွဲလယ် တင့်အောင် လွှတ်တော်ကိုယ်စားလှယ် များက အခြေပြု၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား ပြီး တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

(သတင်းစဉ်)

No comments:

Post a Comment