Friday, April 1, 2016

အမျိုးသမီးများကိုယ်ဝန်ဖျက်ချလျှင် အပြစ်ပေးမည်ဟူသော ဒေါ်နယ်ထရန့်၏ ပြောကြားချက် ဝေဖန်မှုအမြောက်အမြားကြုံရ


Myanmaalinn's photo.
ဝါရှင်တန် မတ် ၃၁ 

ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်၏ အမျိုးသမီးများကိုယ်ဝန်ဖျက်ချလျှင် အပြစ်ပေးမည် ဟူသော ပြောကြားချက်ကြောင့် ဝေဖန်မှုအမြောက်အမြား ရင်ဆိုင် နေရကြောင်း သိရသည်။
အမ်အက်စ်အင်န်ဘီစီရုပ်သံက ပြုလုပ်သော အခမ်းအနားတွင် ထရန့်က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။ တရားမဝင် ကိုယ်ဝန် ဖျက်ချခြင်းပြုလုပ်ပါက အပြစ်ပေး မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက် ပြစ်ဒဏ်ပုံစံများရှိကြောင်း ၄င်းကပြောဆိုခဲ့သည်။
အမျိုးသမီးထုနှင့် အခြားသူ များက ၎င်း၏မှတ်ချက်အပေါ် မဆိုင်းမတွ ပြင်းထန်စွာဝေဖန်လိုက် သည်။
ထရန့်၏ မဲဆွယ်စည်းရုံးရေးရုံး က ¤င်း၏ ကနဦးအမြင်အပေါ် ပြောင်းပြန်ဖြစ်စေသော ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်တွင် ကိုယ်ဝန် ဖျက်ချခြင်းသည် တရားမဝင် ကိစ္စဖြစ်ကြောင်း၊ ကိုယ်ဝန်ကို ဖျက်ချသည့် ဆရာဝန်များကိုသာ အပြစ်ပေးမည်ဖြစ်ပြီး အမျိုး သမီးများကို အပြစ်ပေးမည် မဟုတ် ကြောင်း ဖော်ပြပါရှိသည်။
ထရန့်၏ပြိုင်ဘက်များကလည်း ၎င်းကို ဝေဖန်မှုပြုလိုက်သည်။
ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကလည်း တုန် လှုပ်ဖွယ်ကောင်းပြီး အန္တရာယ် ရှိသော သတင်းထုတ်ပြန်ချက်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထရန့်၏ ပြိုင်ဘက်တစ်ဦးဖြစ်သူ ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင် သည့် ရီပတ်ဘလီကန် တဒ်ခရုက အမျိုးသမီးများကို ပြစ်ဒဏ်မပေး သင့်ကြောင်း ပြောခဲ့သည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment