Friday, April 1, 2016

အိန္ဒိယနိုင်ငံ ကိုလ်ကက္တားမြို့တွင် ဆောက်လက်စမိုးပျံတံတားတစ်စင်းပြိုကျမှုဖြစ်

Myanmaalinn's photo.
နယူးဒေလီ မတ် ၃၁

အိန္ဒိယအရှေ့ပိုင်းရှိ ကိုလ်ကတ္တားမြို့၏ လူစည်ကားသောဒေသတွင် ဆောက်လက်စမိုးပျံတံတားတစ်စင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦးထက်မနည်း သေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက မတ် ၃၁ ရက်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပြိုကျသွားသောမိုးပျံတံတား အပျက်အစီးများကြားမှ သေဆုံးနေသော လူ၁ဝဦးကို ဆွဲထုတ်ခဲ့ရပြီး တခြားဒဏ်ရာရသူများကို ကယ်ဆယ်ရေးသမားများက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ကျန်ရှိနေသော လူများကိုလည်း ဆက်လက်ကယ်ဆယ်နေရကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်သားများဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ကျယ်လောင်သောအသံကြီးကြားပြီး ပြိုကျသွားခဲ့ကြောင်း၊ ပြိုကျသွားသောနေရာမှ မီးခိုးလုံးကြီးများထွက် လာကြောင်း မျက်မြင်တွေ့သူတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းရုပ်သံက ဖော်ပြခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment