Thursday, April 28, 2016

ပဲနွယ်ကုန်းကွေ့တွင် ၂၂ ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်




The Mirror Daily's photo.
ပဲခူး ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင်တွင် ဧပြီ ၂၆ ရက် နံနက် ၃ နာရီခန့်က ၂၂ ဘီးတွဲယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်းတွင်ရဲတပ်ကြပ်ကြီးစိုးပိုင် တာဝန်ထမ်းဆောင်နေစဉ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်(၁၂၂/၁-၂)ကြား ဘုရားကြီးကွေ့အနီးတွင် ယာဉ်တစ်စီးတိမ်းမှောက်ကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ ကျောက်တံခါးဘက်မှ ပဲနွယ်ကုန်းဘက်သို့ သကြားအိတ်များ တင်ဆောင်၍ ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက် သိင်္ဂီလမ်းနေ အောင်ကျော်ကျော်(၁၉)နှစ် မောင်းနှင်လာသည့် 1k/--- GE-13 အမျိုးအစား ၂၂ ဘီးယာဉ်သည် ကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းသို့ထိုးကျခဲ့ရာ ယာဉ်မောင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)၊ ယာဉ်နောက်လိုက် ဖိုးဇော်(၃၈)နှစ်တွင် ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ ကိုယ်ထည်ပျက်စီး၊ ယာဉ်ပေါ်တွင်တင်ဆောင်လာသော သကြားအိတ် ၇ဝဝ အနက် အိတ် ၅ဝ ခန့် ပေါက်ပြဲ ပျက်စီး ခဲ့သဖြင့် ယာဉ်မောင်းအောင်ကျော်ကျော်အား ပဲနွယ်ကုန်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment