Thursday, April 28, 2016

မြဝတီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ




The Mirror Daily's photo.
နေပြည်တော် ဧပြီ ၂၇

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၅ ရက်က မြဝတီမြို့ (၄)ရပ်ကွက် ချစ်ကြည်ရေးလမ်း သံတံတားအနီးရှိ စိုးဝင်း၏ ဘဝသစ် စားသောက်ဆိုင်ကို ရှာဖွေရာ ၎င်းနှင့်အတူ မင်းခိုင်အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃၂ ပြားကိုလည်းကောင်း၊ အလားတူ ယင်းနေ့က သီပေါမြို့နယ် နမ့်လန်ကျေးရွာ ကောင်းလန်းရပ်ကွက်နေ မအေးလင်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄ဝဝ ကိုလည်းကောင်း၊ ဧပြီ ၂၄ ရက်က လားရှိုးမြို့ ရပ်ကွက်(၅) နယ်မြေ(၄) ဥပုတ်စာဖြေကျောင်းလမ်းနေ မအေးခမ်း၏နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူအလေးချိန် ၅ဝ ဂရမ် သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment