Thursday, April 28, 2016

အာဖရိကသို့ သွားရောက်ခဲ့တဲ့ မွန်ဂိုယောင်း

The Mirror Daily's photo.
ကလေးသရုပ်ဆောင်မှသည် အောင်မြင်တဲ့ မင်းသမီးတစ်ဦးဖြစ်လာ ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး မွန်ဂိုယောင်းဟာ ယခုလအတွင်းမှာ အာဖရိကတိုက် အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ မော်လဝီနိုင်ငံ သို့ ပရဟိတခရီးတစ်ခုသွားရောက်ခဲ့ကြောင်း သိရပါတယ်။
မွန်ဂိုယောင်းက ကိုးရက်ခန့်ကြာမြင့်ခဲ့တဲ့ ယင်းခရီးစဉ်အပြီး တောင်ကိုရီးယားသို့ ပြန်ရောက်ချိန်မှာ ယင်းခရီးစဉ်အတွင်း လှုပ်ရှားခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံကို လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံနဲ့အတူ မွန်ဂိုယောင်းက ''ကျွန်မဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ အာဖရိကက ဒေသခံတွေရဲ့ ငေးကြည့်နေတဲ့ ကြင်နာ တဲ့အကြည့်တွေနဲ့ ဖြူစင်တဲ့စိတ်ဓာတ်တွေကြောင့် ကျွန်မဘဝကို ကျွန်မ ရှက်မိလာတယ်။ သူတို့ရဲ့ဘဝတွေအတွက် အကူအညီမပေးနိုင် တဲ့အတွက်လည်း ကျွန်မနှလုံးသားတွေ နာကျင် ရပါတယ်။ အခုကစပြီး သူတို့ရဲ့ဘဝတွေ ပိုမို ကောင်းမွန်ဖို့၊ ပိုမိုကျန်းမာတဲ့ဘဝတွေပိုင်ဆိုင် ခွင့်ရဖို့ ကျွန်မတတ်နိုင်တဲ့အရာတွေ လုပ်ဆောင် ပေးဖို့ ကြိုးစားသွားမှာပါ''လို့ ရေးသားဖော်ပြခဲ့ပါ တယ်။ ဒါ့အပြင် မင်းသမီးက သူ့ရဲ့ပရိသတ်တွေကို လည်း သူနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မွန်ဂိုယောင်းနဲ့အတူ မော်လဝီသို့ SBS ရုပ်သံ မီဒီယာလည်း အတူလိုက်ပါခဲ့ကာ မွန်ဂိုယောင်းရဲ့ လှုပ်ရှား မှုတွေကို မှတ်တမ်းတင်ခဲ့ပြီး လာမယ့် မေ ၂၇ နဲ့ ၂၈ ရက် တွေမှာ ''Hope TV SBS''ကနေ ပြန်လည်ထုတ်လွှင့်ပြသ သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ယင်းခရီးစဉ် အတွင်းမှာ မွန်ဂိုယောင်းဟာ ဒေသခံမိခင်တွေနဲ့ ကလေး တွေရဲ့ ကျန်းမာရေးအခြေအနေတွေ တိုးတက်ဖို့ ကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment