Friday, April 29, 2016

ဘွန်ဒက်လီဂါဖလားအတွက်ရှေ့တစ်လှမ်းတိုးမယ့် ဘိုင်ယန်မြူးနစ်


မိုးမြင့်လင်းလက်

ဂျာမနီမြေက ဘွန်ဒက်လီဂါပွဲစဉ်(၃၂)ကို ဧပြီ ၃ဝ ရက်မှာ ကစားဖို့ရှိနေပြီး ရာသီကုန် ပန်းဝင်ချိန်နီးကပ်လာတာနဲ့အမျှ အသင်းတိုင်း ခြေကုန်ဖွင့်ပြီး ယှဉ်ပြိုင်နေကြပြီဖြစ်ပါတယ်။ သုံးနှစ်ဆက်တိုက် ဘွန်ဒက်လီဂါကို ဆွတ်ခူးနိုင်ရေးအတွက် အားထုတ်နေတဲ့ ဘိုင်ယန်မြူးနစ်တို့ကတော့ ပွဲတိုင်း အမှားအယွင်းမခံတော့ဘဲ ပြိုင်ဘက်တိုင်းကို အလေးထားကစားနေတာမို့ ဒီတစ်ပတ်ပွဲစဉ်မှာလည်း နိုင်ပွဲဆက်ဦးမယ့်အနေအထားရှိနေပြန်ပါတယ်။

ဘိုင်ယန်မြူးနစ်နှင့်ဂလာဘတ်
ဘိုင်ယန်မြူးနစ်တို့က ဂလာဘတ်နဲ့ဆုံတိုင်း ရှုံးပွဲမရှိခဲ့ပေမယ့် အခုနောက်ဆုံးနှစ်ပွဲကစားခဲ့ရာ မှာ နှစ်ပွဲစလုံးရှုံးထားခဲ့တာမို့ ဒီပွဲကို သတိကြီးကြီး ထားပြီး ကစားမှရပါလိမ့်မယ်။ လောလောဆယ် မှာတော့ ဘိုင်ယန်မြူးနစ်တို့က ဘွန်ဒက်လီဂါမှာ ငါးပွဲဆက်တိုက်နိုင်ပွဲရရှိနေတာမို့ အခုပွဲမှာလည်း အိမ်ကွင်းဖြစ်တာကြောင့် နိုင်ပွဲရအောင် ပုံဖော်ပါ လိမ့်မယ်။ ဂလာဘတ်တို့ကတော့ ခြေစွမ်းကျဆင်း နေပြီး ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေရတာမို့ အခုပွဲမှာ ဘိုင်ယန်မြူးနစ်တို့ရဲ့အောင်ပွဲဖြစ်သွား ပါလိမ့်မယ်။

ဒေါ့မွန်နှင့်ဝုဖ်ဘတ်
အခုတလောခြေစွမ်းပြန်ကောင်းလာတဲ့ ဒေါ့ မွန်တို့က ဘွန်ဒက်လီဂါမှာ နိုင်ပွဲဆက်ဖို့ ကြိုးစား မှာပါ။ ဝုဖ်ဘတ်တို့ကလည်း အသင်းလိုက်ခြေစွမ်း ကောင်းမွန်နေပေမယ့် အဝေးကွင်းမှာ ခြေစွမ်း ကျဆင်းတတ်တာမို့ ဒေါ့မွန်တို့အကြိုက်ဖြစ်သွား နိုင်ပါတယ်။ ဒေါ့မွန်ရဲ့တိုက်စစ်မှူးတွေက နောက် ဆုံးကစားခဲ့တဲ့သုံးပွဲမှာ ကိုးဂိုးအထိ သွင်းယူထား ပြီး ပေးဂိုးလည်းမရှိတာမို့ ဝုဖ်ဘတ်အတွက် ပွဲကျပ်ပါပဲ။ တန်းစီဇယားကိုဦးဆောင်နေတဲ့ ဘိုင် ယန်မြူးနစ်ကို ဖိအားပေးနိုင်ဖို့အတွက် အခုပွဲကို ဒေါ့မွန်ဟာ ဂိုးပြတ်သွင်းပြီး နိုင်ပွဲရယူပါလိမ့်မယ်။

အော့စ်ဘတ်နှင့်ကိုလုံး
ပြီးခဲ့တဲ့ပွဲစဉ်က ဝုဖ်ဘတ်ကို နှစ်ဂိုးပြတ်နဲ့ နိုင်ပွဲ ရခဲ့လို့ တန်းဆင်းဇုန်နားက ဝေးကွာသွားတဲ့ အော့စ်ဘတ်အတွက် အခုပွဲမှာ ကိုလုံးကို ခက်ခဲ စွာ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ကိုလုံးနဲ့ နောက်ဆုံးငါးပွဲကစားခဲ့တဲ့ ရလဒ်တွေကိုကြည့်ရင် အော့စ်ဘတ်တို့က သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲ ရှုံးရလဒ်တွေရရှိထားတာမို့ အခုပွဲမှာ မှတ်တမ်း ကောင်းကို အော့စ်ဘတ်တို့ ဆက်လက်ရေးထိုး ပါလိမ့်မယ်။

ဟန်နိုဗာနှင့်ရှော်လ်ကေး
တန်းဆင်းရတော့မယ့် ဟန်နိုဗာအတွက်တော့ ရှော်လ်ကေးတို့ကို ဘယ်လိုအမှတ်ပေးသွားဦးမလဲ ကြည့်ရမှာပါ။ ဒါပေမယ့် ဟန်နိုဗာတို့က ရှော်လ် ကေးနဲ့နောက်ဆုံးငါးပွဲတွေ့ဆုံခဲ့ရာမှာ ဟန်နိုဗာ တို့က နှစ်ပွဲနိုင်ပြီး ရှော်လ်ကေးတို့က သုံးပွဲနိုင် ထားပါတယ်။ ဟန်နိုဗာရဲ့တိုက်စစ်က အားထား လို့မရသလို ခံစစ်ပိုင်းလည်း ဆိုးရွားနေတာမို့ ရှော်လ်ကေးတို့က အဝေးကွင်းဆိုပေမယ့် အမှတ် ပြည့်ရအောင် စွမ်းဆောင်ပါလိမ့်မယ်။

ဟော့ဖန်ဟိန်းနှင့် အင်ဂိုစတက်
တန်းဆင်းဇုန်ထဲကျဆင်းလုဖြစ်နေတဲ့ ဟော့ ဖန်ဟိန်းတို့ အခုပွဲမှာ အင်ဂိုစတက်ကို ခြေကုန် ထုတ်ကစားပါလိမ့်မယ်။ ဟော့ဖန်ဟိန်းရဲ့ အိမ် ကွင်းစွမ်းဆောင်မှုက ကောင်းမွန်နေပြီး အမှတ်ရ အောင်ကြိုးစားနိုင်တာမို့ အင်ဂိုစတက်တို့ အလွယ် တကူနိုင်ပွဲမရနိုင်ပါဘူး။ အင်ဂိုစတက်ဟာ ခြေစွမ်း ကောင်းမွန်ပေမယ့် အဝေးကွင်းရလဒ်က မကောင်းတတ်တာမို့ ဒီပွဲမှာ အိမ်ရှင်ကို ရွေးချယ် အားပေးတာ စိတ်ပျော်ရွှင်မှုပေးပါလိမ့်မယ်။

လေဗာကူဆင်နှင့်ဟာသာဘာလင်
တန်းစီဇယား တတိယနဲ့ စတုတ္ထနေရာက အသင်းတွေ ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တာမို့ ပရိ သတ်အကြိုက်ပွဲစဉ်ဖြစ်လာမှာပါ။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှုငါးပွဲမှာ လေဗာကူဆင်တို့က လေးပွဲနိုင်ပြီး ဟာသာဘာလင်က တစ်ပွဲသာ နိုင်ထားပါတယ်။ လောလောဆယ်မှာလည်း လေဗာကူဆင်တို့က နိုင်ပွဲဆက်နေပြီး ဟာသာ ဘာလင်တို့က ရှုံးပွဲဆက်နေတာမို့ တစ်ဦးချင်း ရော အသင်းလိုက်ပါ ကစားအားပိုကောင်းတဲ့ လေဗာကူဆင်တို့ပဲ ဂိုးမပြတ်ပေမယ့် ကပ်ပြီးနိုင် သွားပါလိမ့်မယ်။

မိန့်ဇ်နှင့်ဟမ်းဘတ်
အိမ်ကွင်းမှာ ရလဒ်ကောင်းအောင်ကစားတဲ့ မိန့်ဇ်တို့က ဟမ်းဘတ်ကို အကြိတ်အနယ်ကစား ရပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု ငါးပွဲရလဒ်ကိုကြည့်ရင် မိန့်ဇ်တို့က သုံးပွဲနိုင်ပြီး ဟမ်းဘတ်တို့က နှစ်ပွဲနိုင်ထားပါတယ်။ လော လောဆယ်မှာ ရှုံးပွဲတွေဆက်တိုက်ကြုံတွေ့နေရတဲ့ ဟမ်းဘတ်တို့အနေနဲ့ တိုက်စစ်ဖွင့်ကစားမယ့် မိန့်ဇ်ကို အနိုင်ရဖို့မလွယ်ပါဘူး။ အိမ်ရှင်တို့ အမှတ်မဆုံးရှုံးနိုင်ပါဘူး။

ဒမ်စတက်နှင့်ဖရန့်ဖတ်
တန်းဆင်းဇုန်ထဲမှာ နစ်မြုပ်နေတဲ့ ဖရန့်ဖတ် တို့အတွက် ဒမ်စတက်နဲ့ပွဲမှာ အမှတ်ပြည့်ရယူပြီး ရုန်းထဖို့အခွင့်အရေး ရှာပါလိမ့်မယ်။ ဒမ်စတက် တို့က နောက်ဆုံးကစားခဲ့တဲ့ ကိုလုံးနဲ့ပွဲမှာ ဂိုး ပြတ်ရှုံးခဲ့ပေမယ့် အခုပွဲအိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာ ဖွေပါလိမ့်မယ်။ ဒမ်စတက်နဲ့ဖရန့်ဖတ်တို့ နောက် ဆုံးငါးပွဲတွေ့ဆုံမှုကိုကြည့်ရင် ဖရန့်ဖတ်က သုံးပွဲ နိုင်ပြီး ဒမ်စတက်တို့က နှစ်ပွဲနိုင်ထားပါတယ်။ အမှတ်ပြည့်ရဖို့ အပြင်းအထန်ကြိုးစားလာမယ့် ဒမ်စတက်တို့ပဲ အနိုင်ရလဒ်ကို ဆုပ်ကိုင်သွားပါ လိမ့်မယ်။

No comments:

Post a Comment