Friday, April 29, 2016

စီရိုနယ်လ်ဒိုမှာ မန်စီးတီးနှင့်ပွဲတွင် ၈ဝ ရာခိုင်နှုန်းသာ ကြံ့ခိုင်မှုရှိမည်ဟု မိခင်ဖြစ်သူ ဖွင့်ဟ

The Mirror Daily's photo.
ရီးယဲလ်မက်ဒရစ်အသင်း၏ အားထားရသည့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည်လာမည့် သီတင်းပတ်အတွင်း မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ပြန်လည်ပွဲထွက်လာနိုင်မည် ဖြစ်သော်လည်း ၈ဝ ရာခိုင်နှုန်းသာ ကြံ့ခိုင်မှုရှိမည်ဟု စီရိုနယ်လ်ဒို၏ မိခင်ဖြစ်သူက ပြောကြားလိုက်သည်။
တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ယခုတစ်ပတ်အတွင်း ရီးယဲလ်မက်ဒရစ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ စီရိုနယ်လ်ဒိုမပါဝင်နိုင်ခဲ့ခြင်းကြောင့် မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကမူ အိမ်ကွင်းဘာနေဗျူး၌ ယှဉ်ပြိုင်ကစားမည့် ဒုတိယအကျော့ပွဲစဉ်တွင် တိုက်စစ်မှူး စီရိုနယ်လ်ဒို ပါဝင်လာနိုင်မည်လား သို့မဟုတ် မပါဝင်ဘဲ ဆက်လက်လွဲချော်မည်လားဆိုသည်ကို ချီတုံချတုံဖြစ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုက်စစ်မှူးစီရိုနယ်လ်ဒို၏ မိခင်ဖြစ်သူကလည်း''ကျွန်မရဲ့သားဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် အဲဒီပွဲစဉ်မှာ ၈ဝ ရာခိုင်နှုန်းသာ ကြံ့ခိုင်မှုပြည့်ဝလိမ့်မယ်၊ အကောင်းဆုံးအနေအထားနဲ့တော့ ယှဉ်ပြိုင်ကစားပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
ငွေကြယ်ရေးသားသည်

No comments:

Post a Comment