Friday, April 29, 2016

သစ်တင်ယာဉ် တိမ်းမှောက်၍သစ်လုံးများပိကာ လူခြောက်ဦးသေဆုံး

The Mirror Daily's photo.
စေတုတ္တရာ ဧပြီ ၂၈
မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဧပြီ ၂၇ ရက် နံနက်ပိုင်းက သစ်လုံးများတင်ဆောင်သည့် ခြောက်ဘီး ယာဉ်တစ်စီးတိမ်းမှောက်၍ သစ်လုံးများပိကာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၃ နာရီခန့်က ရေနံချောင်း မြို့နယ်နေ သန်းဇော်ဦး (၄ဝ)နှစ် မောင်းနှင်လာသည့် ဆ/----- ခြောက်ဘီး GMS ခေါင်းရှည်ယာဉ်သည် စေတုတ္တရာမြို့နယ် တပွင်နယ်မြေရဲစခန်းပိုင် ဟန်ဒေါက် ကျေးရွာအုပ်စု အလယ်ဟန်ဒေါက်ကျေးရွာမှ သစ်လုံးများ တင်ဆောင်လာပြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေး ရွာသို့သယ်လာစဉ် စလင်း-စေတုတ္တရာကားလမ်း မိုင်တိုင် အမှတ် (၂၄/၄)ခန့်အရောက်တွင် အရှိန်လွန်ပြီး လမ်းဘေးတောင်စောင်းကိုဝင်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သစ်လုံးတင်ကားပေါ်တွင် လိုက်ပါလာသည့် ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေး ရွာတွင် နေထိုင်ကြသည့် စည်သူ (၂၅နှစ်)၊ ကျော်မင်းအောင် (၂ဝ)နှစ်၊ ဝေသူကျော် (၂ဝ)နှစ်၊ အောင်ကိုဦး(၂၁)နှစ်၊ ရဲနိုင်ထွန်း(၁၈)နှစ်၊ ရဲမင်းနိုင်(၂ဝ)နှစ်တို့တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း သန်းဇော်ဦးမှာ ဒဏ်ရာမရရှိဘဲ တိမ်းရှောင်ထွက်ပြေး သွားသဖြင့် စေတုတ္တရာမြို့နယ်ရဲစခန်းက ¤င်းအား ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး(မင်းဘူး)

No comments:

Post a Comment