Friday, April 29, 2016

ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ၌ တရားမဝင်သစ်စက်များ ရှာဖွေဖမ်းဆီးလျက်ရှိ

The Mirror Daily's photo.
ယင်းမာပင် ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာတောင်ဘက်ချောင်းအနီးရှိ ဦးဘကြည်(၅၃)နှစ်၏ စိုက်ပျိုးရေးခြံအတွင်း တရား မဝင်သစ်စက်လုပ်ကိုင်ရန်စီစဉ်နေကြောင်း သတင်းအရ ဧပြီ ၂၆ ရက် ည ၁၁ နာရီခွဲခန့်က အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဦးဆောင်သော ဝန်ထမ်းများ၊ ကပိုင်ဘိနယ်သစ်တောဝန်ထမ်းများ၊ ကပိုင်ရဲကင်းစခန်း ရဲအုပ် တင်မောင်လတ်နှင့်တပ်ဖွဲ့ဝင်များ၊ ကပိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုးဝင်းနှင့်အတူ ပူးပေါင်းရှာဖွေဖမ်းဆီးရာ ပျဉ်းကတိုးသစ် တစ်လုံး(သုည ဒသမ ၁၁၈၈တန်)၊ သန်းသစ်နှစ်လုံး(သုည ဒသမ ၃၃၃ဝ တန်)၊ အင်ကြင်းသစ်သုံးလုံး(သုည ဒသမ ၄၇၁၆)တန် စုစုပေါင်း သစ်အလေးချိန် သုည ဒသမ ၉၂၃၄ တန်နှင့်အတူ သစ်ခွဲရာတွင်အသုံးပြုသော တရုတ် အင်ဂျင်စက် (၂၅)ကောင်တစ်လုံး၊ သုံးပေလွှဝိုင်းနှင့် သစ်စက်ပစ္စည်းအစုံတို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရမိသစ်စက်၊ လွှဝိုင်းအစုံနှင့်သစ်များအား အလောင်းတော် ကဿပအမျိုးသားဥယျာဉ်ရှေ့တန်းရုံး(ကပိုင်)ရွာတွင် ခေတ္တသိမ်းဆည်းထားရှိ ပြီး ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနသို့လွှဲပြောင်း၍ တရားမဝင်သစ်စက် လုပ်ကိုင်သူအား သစ်တောဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)

No comments:

Post a Comment