Friday, April 29, 2016

မကျေပွဲတစ်ကျော့ပြန်နွှဲမည့် ၀ါးရင်းတုတ်ဖိုးကေနှင့်ရွှေခါးပတ်ချန်ပီယံသွေးသစ်အောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်


သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မိုးမခ

ရန်ကုန် ဧပြီ ၂၈

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင်းက ရန်ကုန်မြို့ သိမ်ဖြူရိုးရာ အားကစားလက်ဝှေ့ရုံ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် တက်သစ်စမျိုးဆက်သစ်လက်ဝှေ့ကျော် သွေးသစ်အောင် နှင့် ရိုးရာလက်ဝှေ့လောကသို့ တစ်ကျော့ပြန် ချင်းနင်း ဝင်ရောက်သည့် ဝါရင့်လက်ဝှေ့ကျော် ဝါးရင်းတုတ်ဖိုးကေ တို့ ယခုလာမည့် မေ ၂ဝ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့ အောင်မြေမန္တလာအားကစားရုံ၌ မကျေပွဲ တစ်ကျော့ပြန် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ 

အဆိုပါ ပြည်တွင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို အထက်မြန်မာပြည် ဆရာကိုဒဿ စီစဉ်ပြီး အောင်သမာဓိ စိန်ရွှေရတနာဆိုင်က အဓိကကူညီပံ့ပိုးကာ ပြည်တွင်းရိုးရာ လက်ဝှေ့ကျော် တွဲဆိုင်း ၁ဝ ဆိုင်း ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်း အားလုံးသည် ငါးချီတွဲဆိုင်းများဖြစ်ပြီး သုံးချီတွဲဆိုင်းများ ပါဝင်ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်းများမှာ မကျေပွဲပြန်နွှဲလိုသည့် စိန်ခေါ်သူဝါးရင်းတုတ်ဖိုးကေ နှင့် မျိုးဆက်သစ် ရွှေခါးပတ်ချန်ပီယံ သွေးသစ်အောင် (တိုက်ဂါး-ဘားအံ)၊ ထွန်းလွင်မိုး(နဂါးမာန်)နှင့် ကျား ဘဟိန်း (အလင်းရောင်)၊ မင်းနိုင်ထွန်း(ယူနိုက်တက်)နှင့် ဆင်ရိုင်းလေး(သထုံ)၊ စိုးမောင်ဦး(ရတနာပုံရွှေလက်သီး)နှင့် နိုင်ဗိုလ်(T&T)၊ ကျော်စွာဝင်း(ယူနိုက်
တက်)နှင့် စိန်မင်းအောင် (တိုက်ဂါး-ဘားအံ)၊ ဗျဂဃ(ကျားဖြူ)နှင့် ထက်လင်းဦး(တိုက်ဂါး-ဘားအံ)၊ အံဘွား(ကောလင်း)နှင့် စွမ်းပြည့်အောင် စာမျက်နှာ ၁၄ ကော်လံ ၁ာာ ကျောဖုံးမှ
(တိုက်ဂါး-ဘားအံ)၊ သားစနေ(သရဖူ)နှင့် ရှမ်းညီ (T & T)၊ ဖိုက်ကေ(မန္တလေး)နှင့် တက်လူ(စဥ့်ကိုင်) တို့ အပါ အဝင် စုစုပေါင်းတွဲဆိုင်း ၁ဝ ဆိုင်းမှ ငါးချီပွဲများ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
''အခုပွဲက အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ရိုးရာလက်ဝှေ့ရဲ့ သင်္ကြန်ပြီးပထမဆုံးနှစ်ဦးပွဲလို့ ပြောရ မှာပါ။ ဖိုးကေရဲ့ မကျေပွဲသွေးကြွေးပြန်ဆပ်မယ့်ပွဲလို့ ပြောရမယ်။ 

တကယ်ပဲ ပြန်ဆပ်နိုင်မလားဆိုတာကတော့ သူ့သမိုင်းသူဖော်ဆောင်မယ်လို့ ထင်ပါတယ်။ မန္တလေး ပရိသတ်ကလည်း ဒါကိုစိတ်ဝင်စားနေကြတာ။ ပြီးခဲ့တဲ့နှစ် တွေ့တုန်းကတော့ ဒုတိယအချီမှာ သွေးသစ်အောင်ကို အလဲထိုးနဲ့ရှုံးခဲ့တယ်။ အခုတော့ ဒီပွဲအတွက် ၁ဝပေါင် လောက် ဝိတ်ပြန်ချပြီး ကြိုးစားယှဉ်ပြိုင်ထိုးသတ်မယ် လို့ ကြွေးကြော်ထားတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံ အရ ကြည့်ကောင်းမယ့်ပွဲလို့ ပြောရမှာပါ''ဟု ပွဲစီစဉ်သူ ဆရာကိုဒဿကပြောသည်။
တစ်ကျော့ပြန်သွေးကြွေးပြန်ဆပ်မည့် အဆိုပါလက်ဝှေ့ ပွဲတွင် ရိုးရာလက်ဝှေ့ကို စိတ်ပါဝင်စားကြည့်ရှုလိုသူ များအတွက်VIPတန်းငွေကျပ် ၂ဝဝဝဝ၊ အထူးတန်း ငွေကျပ် ၁ဝဝဝဝ နှင့် ရိုးရိုးတန်းငွေကျပ် ၇ဝဝဝ ဖြင့် ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment