Friday, April 29, 2016

အာဆီယံ ယူ-၁၉ ယှဉ်ပြိုင်ရန် မြန်မာယူ-၁၉ အသင်း မေလအတွင်းစတင်လေ့ကျင့်မည်


သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဧပြီ ၂၈

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ အာဆီယံယူ-၁၉ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာယူ-၁၉ အသင်းသည် မေလမှ စတင်ကာ လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာယူ-၁၉ အသင်းကို ကစားသမား ၄၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလဆန်းပိုင်းတွင် လူရွေးပွဲများကျင်းပကာ ကစားသမား များ လျှော့ချသွားမည်ဖြစ်သည်။ ယခုရွေးချယ်ခဲ့သည့် ပဏာမလူစာရင်းတွင် ၂ဝ၁၅ ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့ သော အာရှယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာယူ-၁၉ အသင်း မှ ကစားသမားများ ပြန်လည်ပါဝင်လာသည်။ ပဏာမ ရွေးချယ်ခဲ့သည့် လူစာရင်းတွင် ယူ-၁၈ အသင်းမှ ကစား သမားများအပါအဝင် လက်ရှိMNL လူငယ်အမှတ်ပေး ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမားများကို ရွေးချယ်ထားခြင်းဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစား သမား ၂၅ ဦးသို့ လျှော့ချသွားမည်ဖြစ်ပြီး မေလ ဒုတိယပတ်တွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ် သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခု နောက်ပိုင်းနှစ်များတွင် ပြည်တွင်းနည်းပြများကို နေရာ ပေးလာခဲ့ပြီး မြန်မာယူ-၁၉ အသင်းနည်းပြချုပ်အဖြစ် နေပြည်တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့သည်။ှ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဦးမျိုးလှိုင်ဝင်းကို ဧပြီ ၂၈ ရက်က အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ် သက်တမ်းမှာ တစ်နှစ်ရှိမည်ဖြစ်သည်။

ဦးမျိုးလှိုင်ဝင်းကိုင်တွယ်မည့် မြန်မာယူ-၁၉ အသင်း သည် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှု အရ ထိုင်း၊ သြစတြေးလျတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေရာ ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေ သည်။ Air Bagan ၊ ရန်ကုန်၊ နေပြည်တော်အသင်း တို့ကို ကိုင်တွယ်ဖူးသည့် ဦးမျိုးလှိုင်ဝင်းအနေဖြင့် မြန်မာ ယူ-၁၉ အသင်းကို အောင်မြင်မှုများ ရယူနိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

No comments:

Post a Comment