Friday, April 29, 2016

ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ဖို့မျှော်လင့်တဲ့ မန်စီတီး


ကောင်းမြတ်သူ-စုစည်းသည်

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် ပထမအကျော့မှာ ရီးရဲ မက်ဒရစ်ကို ဂိုးမရှိသရေကစားပြီး ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရရှိသွားခဲ့သော် လည်း ဗိုလ်လုပွဲတက်နိုင်တဲ့အခြေအနေရှိကြောင်း နည်းပြပယ်လီဂရီနီက ပြော ဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိကအားထားရတဲ့ ကစားသမား တစ်ဦး ဒုတိယအကျော့မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပယ်လီဂရီနီက ဆိုပါတယ်။ ဒေးဗစ်ဆေးလ်ဗားဟာ ဒုတိယအကျော့မှာ လွဲချော်မှာဖြစ်ပါတယ်။ ပထမ အကျော့မှာ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် အသုံးချနိုင်ခြင်းမရှိပါဘူး။ တိုက်စစ်မှူး ဂါးရက်ဘေးလ် ပယ်နယ်တီကန်ခွင့်ရခဲ့ ပေမယ့် မန်စီးတီးဂိုးသမား လက်စွမ်းပြကာကွယ်ခဲ့တဲ့အတွက် ဂိုးမရှိသရေပွဲနဲ့ အဆုံးသတ်ခဲ့ပါတယ်။ သို့ပေမယ့် ဒီပွဲမှာ စီရော်နယ်ဒို ဒဏ်ရာကြောင့် ပါဝင် နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒုတိယအကျော့မှာတော့ ရီးရဲမက် ဒရစ်ကို အနိုင်ကစားဖို့ပြင်ဆင်ထားတယ်လို့ မန်စီးတီးနည်းပြက ဆိုပါတယ်။

No comments:

Post a Comment