Thursday, April 28, 2016

မက္ကဆီကို၌ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုအတွက် မိဘများကဦးဆောင်၍ ဆန္ဒဖော်ထုတ်


Myanmaalinn's photo.
မက္ကဆီကိုစီးတီး ဧပြီ ၂၇

၂ဝ၁၄ ခုနှစ်က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအပေါ် အစိုးရ၏ကိုင်တွယ်ပုံကို မကျေနပ်၍ မက္ကဆီကို၌ ထောင်ပေါင်းများစွာသော ဆန္ဒဖော်ထုတ်သူတို့သည် ဧပြီ ၂၆ ရက်က စုဝေးခဲ့ကြသည်။
ဂူရာရို၏အနောက်တောင်ပိုင်း၌ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက အတင်းအဓမ္မခေါ်ဆောင်ခြင်းခံရသော ကျောင်းသား ၄၃ ဦး၏အမှုသည် သမ္မတတစ်ဦး၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေပြီး မက္ကဆီကို၌ လူ့အခွင့်အရေး အလွဲသုံးစားမှုစံနှုန်းကို မီးမောင်းထိုးပြလျက်ရှိသည်။
အတင်းအဓမ္မခေါ်ဆောင်ခြင်းခံရသော ကျောင်းသားများ၏ မိဘများနှင့်ဆွေမျိုးများက ပျောက်ဆုံးသွားသော ကျောင်းသားများ၏အဖြူရောင်ဓာတ်ပုံများနှင့် သေးငယ်သောဓာတ်မီးများကို ကိုင်ဆောင်၍ မက္ကဆီကို၏မြို့တော် ပါဆိုဒီလာရီဖော်မာ၏လမ်းမများထက်တွင် ဆန္ဒဖော်ထုတ်သူ ၂ဝဝဝ ကျော်ကို ဦးဆောင်ခဲ့သည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ညက အီဂူလာရှိ အကျင့်ပျက်လာဘ်စားသော ရဲအချို့က ကျောင်းသားများကို အတင်းခေါ်ဆောင်သွားပြီး မူးယစ်ဆေးဂိုဏ်းအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း အစိုးရက ထပ်ကာထပ်ကာပြောခဲ့သည်။ မူးယစ်ကုန်သည်များက ကျောင်းသားများကို အနီးရှိအမှိုက်ပုံတွင် မီးရှို့ သတ်ခဲ့သည်ဟု အစိုးရစုံစမ်းရေးအဖွဲ့က အဆုံးသတ်ခဲ့သည်။
နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ထိုအဖြစ်အပျက်ပေါ်တွင် ကြီးစွာသောသံသယရှိကြောင်း အစီရင်ခံစာများဖြင့် ရေးသားထုတ်ဝေခဲ့သည်။ နောက်ဆုံးအစီရင်ခံစာကို ပြီးခဲ့သောတနင်္ဂနွေနေ့က ထုတ်ဝေခဲ့ပြီး အစိုးရအနေဖြင့် ၎င်း၏စုံစမ်းစစ်ဆေးမှုကို လျှော့ပေါ့ ပြီး အမှန်တရားဖော်ထုတ်ရန် ရှောင်လွှဲခဲ့သည်ဟု စွပ်စွဲခံထား ရသည်။

(ရိုက်တာ)

No comments:

Post a Comment