Thursday, April 28, 2016

ကျူရှုရှင်ကန်ဆန် မြန်နှုန်းမြင့်ကျည်ဆန်ရထား ပြန်လည်ပြေးဆွဲ


Myanmaalinn's photo.
တိုကျို ဧပြီ ၂၇ 

ဂျပန် ကျူရှုရှင်ကန်ဆန်မြန်နှုန်းမြင့် မီးရထား(ကျည်ဆန်ရထား) လိုင်း ကြောင်းတစ်လျှောက် ပြုပြင်ခြင်း လုပ်ငန်းများကို ဂျပန်နိုင်ငံ အနောက် တောင်ပိုင်း ငလျင်လှုပ်ခတ်ပြီး ၁၃ ရက်အကြာတွင် ပြန်လည်စတင်ခဲ့ ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဧပြီ ၂၇ ရက်က ဖော်ပြ ခဲ့သည်။
ကျူရှုမီးရထားကုမ္ပဏီက မီး ရထားလမ်းကြောင်း ပြုပြင်ခြင်းလုပ် ငန်းများမှာ နှေးကွေးလိမ့်မည်ဖြစ်ပြီး မီးရထားများမှာ ဘူတာရုံတိုင်း တွင် ရပ်တန့်လိုက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ သတ်မှတ် ခရီးပန်းတိုင် ရောက်ရန် တစ်နာရီ ပိုမိုကြာမြင့် မည်ဖြစ်ကြောင်း ကျူရှုမီးရထား ကုမ္ပဏီမှ တာဝန်ရှိသူများက ပြော သည်။
ပထမဆုံး ငလျင်သည် ဧပြီ ၁၄ ရက်၌ ယင်းဒေသတွင် လှုပ်ခတ် သောကြောင့် မီးရထားအလွတ် တစ်စင်း ကူမာမိုတိုနှင့် ရှင်မီနာ မတ်တ ဘူတာရုံကြားတွင် လမ်းချော် ခဲ့သည်။ ထို့နောက် အင်အားပြင်း ငလျင်သည် ယင်းဒေသတွင် ဆက်လက် လှုပ်ခတ်သောကြောင့် လမ်းကြောင်းတစ်လျှောက် နေရာ ပေါင်း ၁၅ဝ ခန့် ပျက်စီးခဲ့သည်။
ရှင်ကန်ဆန်လမ်းကြောင်းသည် ကျူရှုတွင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သည်။ ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ သည် ငလျင်ဒဏ်ခံဒေသများတွင် ခရီးသွားလာရေးကဏ္ဍကို တစ်ဖန် အသက်ဝင် လှုပ်ရှားလာစေမည် ဖြစ်ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment