Friday, April 1, 2016

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သဘာဝတောထိန်းလုပ်ငန်းမှ ထွက်ရှိသောထင်းများအား အခမဲ့ ဖြန့်ဝေ

The Mirror Daily's photo.
မင်းဘူး မတ် ၃၁
မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် မြောက်ဆားဗွက်ကြိုးဝိုင်း အကွက်အမှတ် (၂ဝ၊ ၂၂)၌ သဘာဝတောထိန်းလုပ်ငန်းဧက ၂ဝဝဝ မှ ထွက်ရှိသော ထင်းများအား သီးကုန်းကျေးရွာနှင့် မြောက်ဆားဗွက်ကြိုးဝိုင်းအတွင်းရှိ တောင်ယာတဲစုများတွင်နေထိုင်သော ဒေသခံပြည်သူများထံ မတ်လ ၂၉ ရက်နံနက်ပိုင်းက ထင်းများအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် မြောက်ဆားဗွက်ကြိုးဝိုးအကွက်အမှတ် (၂ဝ၊
၂၂) တွင် သဘာဝတောကျန်များ ထိန်းသိမ်းခြင်းလုပ်ငန်းဧက ၂ဝဝဝ ထိန်းသိမ်းခဲ့ပြီး ဧက ၂ဝဝ အား ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းဖြစ်သော ကိုင်းတက်ချိုင်ပေးခြင်း၊ ပင်ပူးများခွာခြင်း၊ အောက်ခြေပေါင်းရှင်းခြင်း၊ နွယ်ဖြတ်ခြင်းလုပ်ငန်းများ၊ ငုတ်ဟောင်း၊ ငုတ်ပျက်များချွန်သပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ထင်း ၈ ဒသမ ၃၁ တန် ထွက်ရှိခဲ့ပြီး ၄င်းထင်းများအား ဦးစီးအရာရှိ ဦးဝင်းဘိုနှင့် ဝန်ထမ်းများက သီးကုန်းကျေးရွာနှင့် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ယာတဲစုများတွင် နေထိုင်သော မိသားများထံသို့ တစ်အိမ်ထောင်လျှင် ဝ ဒသမ ၅၂ တန်စီအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဒေသခံပြည်သူများ သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်လာပြီး စနစ်တကျထိန်းသိမ်းလိုစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး(မင်းဘူး)

No comments:

Post a Comment