Friday, April 29, 2016

စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

The Mirror Daily's photo.
နေပြည်တော် ဧပြီ ၂၈
မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလောမြို့အထွက် ခုနစ်မိုင်ခန့်အကွာ ပြည်ထောင်စု လမ်းမပေါ်တွင် မင်းသူမောင်းနှင်ပြီး ကျော်ဝဏ္ဏလိုက်ပါလာသည့် မော်တော်ယာဉ်ကို ဧပြီ ၂၆ ရက်က ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝဝ ကို လည်းကောင်း၊ အလားတူ လားရှိုးမြို့ ဟိုပိတ်အိုရီယမ်တယ်တိုး ဂိတ်အနီးတွင် ကွမ်းပေါင်မောင်းနှင်ပြီး လောဆမ်လိုက်ပါလာသည့် ဆိုင်ကယ်ကိုရှာဖွေရာ ဘိန်းဖြူအလေးချိန် ၃၃ ဂရမ်ကိုလည်းကောင်း။
ထို့အတူ ဧပြီ ၂၆ ရက်က ရေးမြို့ နယ် အစင်ကျေးရွာ နယ်မြေ(၃)နေ စိုးမိုးဦး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၈ ပြားနှင့် MG1 အမျိုးအစား LOT 66/2001 စာတန်းပါ အစိမ်းရောင်ပလတ်စတစ်လက် ပစ်ဗုံးတစ်လုံးကို လည်းကောင်း၊ အလားတူ ယင်းနေ့က လားရှိုး-မိုင်း ယော်သွားကားလမ်း နားဖကျေးရွာ စာကြည့်တိုက်အနီးတွင် နော်ဂျာ မောင်းနှင်ပြီး လောက်ခိုက် လိုက်ပါ လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ဝ ကို လည်းကောင်း။
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းရှိ မအားမွေ ငှားရမ်းနေထိုင်သည့် အခန်းကို ဧပြီ ၂၅ ရက်က ရှာဖွေရာ ¤င်းနှင့်အတူ မမိငယ်၊ မစိမ်းမို့မို့၊ မအေးမြင့်တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၇ဝ နှင့် အအေးစုပ်ပိုက် ၁၅ ချောင်း ဖြင့်ထည့်လျက် အိုက်စ် ၁ ဒသမ ၅ ဂရမ်ကိုလည်းကောင်း သိမ်းဆည်း ရမိသဖြင့် ၄င်းတို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment