Friday, April 29, 2016

ကျွန်းလှတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့နှင့် လျှပ်စစ်မီးတိုင်များကျိုးကျ

The Mirror Daily's photo.
ကျွန်းလှ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက် လိပ်စင်းတောင်ကျေးရွာနှင့်အနီးတွင် ဧပြီ ၂၅ ရက် ညနေ ၅ နာရီမှ ၅ နာရီ မိနစ်၂ဝ အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ နှင့် လျှပ်စစ်ကွန်ကရစ်တိုင်များ ကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် လိပ်စင်းတောင်ကျေးရွာစေတီတစ်ဆူ ထီးတော်ပြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ လူနေအိမ် ၁၈ လုံး၊ လျှပ်စစ်ဓာတ်အားခွဲရုံ၊ မြဝတီထပ်ဆင့်လွှင့်ရုံ၊ သရက်ပင်ကျေးရွာတွင် နေအိမ်နှစ်လုံး၊ ဖာလောကျေးရွာတွင် နေအိမ်တစ်လုံး၊ ခပေါင်းရုံကျေးရွာတွင် နေအိမ်တစ်လုံးနှင့် လိပ်စင်းတောင်-ဖာလောကျေးရွာကြားရှိ 33KVA ကွန်ကရစ် တိုင် ၁၉ လုံးတို့ ကျိုးပဲ့ပျက်စီး၍ စုစုပေါင်းငွေကျပ် ၅၅ သိန်းခန့် ဆုံးရှုံးသွားပြီး အမျိုးသမီး
နှစ်ဦး ဒဏ်ရာရရှိသော်လည်း စိုးရမ်စရာမရှိကြောင်း သိရသည်။
အဆိုပါပျက်စီးမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ခန့်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလှိုင်ဦး၊တာဝန်ရှိသူ တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မျိုးဝင်းညို(ကျွန်းလှ)

No comments:

Post a Comment