Thursday, April 28, 2016

လေကြောင်းတိုက်ခိုက်မှုမစမီ အရပ်သားများ ရှောင်ရှားနိုင်ရေး အကြိုသတိပေးသည့်နည်းလမ်း အသုံးပြု


Myanmaalinn's photo.
မိုဆူးလ် ဧပြီ ၂၇

အမေရိကန်တို့သည် အီရတ်ရှိ အိုင်အက်စ် အကြမ်းဖက်သမားများ ကို ပစ်မှတ်ထား၍ တိုက်ခိုက်ရာ ၌ အရပ်သားများ ထိခိုက်မှုမရှိစေ ရေး အစ္စရေးတို့အသုံးပြုခဲ့သည့် ဒုံး ကျည်ပစ်လွှတ်သတိပေးသည့် နည်း လမ်းကို ယခုလအတွင်း အသုံးပြုခဲ့ သည်။ သို့သော် တိုက်ခိုက်မှုများ အတွင်း အမျိုးသမီးတစ်ဦးသေဆုံး ခဲ့သည်ဟု အမေရိကန်စစ်တပ်က အင်္ဂါနေ့က ပြောခဲ့သည်။
ယခုအသုံးပြုသည့် နည်းလမ်း မှာ အရပ်သားများ ကြိုတင် ရှောင်ရှားနိုင်ရေး ၎င်းတို့ပစ်မှတ် ထား တိုက်ခိုက်မည့်နေရာအနီး၌ သတိပေးသည့်အနေဖြင့် ဒုံးကျည် ပစ်ခတ်ခြင်းဖြစ်သည်။
အဆိုပါနည်းလမ်းကို အစ္စရေး တို့က ၂ဝ၁၄ ခုနှစ် ဂါဇာတိုက်ပွဲတွင် အသုံးပြုခဲ့သည်။ သို့သော် ၂ဝ၁၅ ခုနှစ်၌ ကုလသမဂ္ဂက အဆိုပါ နည်းလမ်းမှာ အသုံးမဝင်ကြောင်း ဒေသခံအရပ်သားများ ထွက်ပြေး လွတ်မြောက်နိုင်ရန် အချိန်မလုံ လောက်ကြောင်း တွေ့ရှိခဲ့သည်။
အမေရိကန်တို့သည် အီရတ် နိုင်ငံ မိုဆူးလ်၌ ဧပြီ ၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် အဆိုပါ နည်းလမ်းကို အသုံးပြုခဲ့သည်။ အဆိုပါလေကြောင်း တိုက်ခိုက်မှုမှာ အိုင်အက်စ် အကြမ်းဖက်သမားများ ကို ငွေကြေးဖြန့်ဝေရာ၌ အသုံးပြု သည့် အဆောက်အအုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု လေတပ်ဗိုလ်ချုပ်ကြီး ပီတာဂါစတန် က ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment