Friday, April 29, 2016

ဒစ်စနေးရဲ့ဇာတ်ကားသစ်တွေမှာ ဆက်လက်ပါဝင်သရုပ်ဆောင်မယ့် အမ်မာစတုန်း

The Mirror Daily's photo.
မင်းသမီး အမ်မာစတုန်းက ဒစ်စနေးက ထုတ်လုပ်မယ့် Cruella ဇာတ်ကားမှာ Cruella de Vilဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ ဒစ်စနေးစတူဒီယိုက အတည်ပြုခဲ့ပြီး အဆိုပါCruella ဇာတ်ကားကို ဒီနှစ်ထဲမှာစတင်ရိုက်ကူးမှာဖြစ်ပါတယ်။
စပိုက်ဒါမန်းဇာတ်ကားတွေနဲ့ လူသိများလာခဲ့တဲ့ အသက်(၂၇)နှစ် အရွယ်ရှိ မင်းသမီး အမ်မာစတုန်းဟာ ကမ္ဘာ့ရုပ်ရှင်လောကမှာ အနုပညာ ကြေးအမြင့်ဆုံးမင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမ်မာစတုန်းဟာ ဒီနှစ်အတွင်းမှာ ဒစ်စနေးအပြင် အခြားထုတ်လုပ်ရေးတွေနဲ့လည်း အက်ရှင် ဇာတ်ကားသစ်တွေကိုလည်း ဆက်လက်ရိုက်ကူးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
ဒစ်စနေးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ သရုပ်ဆောင် အမ်မီလီဘန့်ထ်နဲ့ Mary Poppins ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲတွေအပြင် တောတွင်း ဇာတ်ကာThe Jungle Book ရဲ့နောက်ဆက်တွဲဇာတ်ကားတွေကို ဆက်လက် ရိုက်ကူးသွားမယ်လို့လည်းသိရပါတယ်။
ဖြိုးစန္ဒာမြင့် - စုစည်းသည်

No comments:

Post a Comment