Friday, April 1, 2016

ဆီးရီးယားစစ်ဘေးဒုက္ခသည်များအား လက်ခံသည့်နိုင်ငံအနည်းငယ်သာရှိ

The Mirror Daily's photo.
ကုလသမဂ္ဂ မတ် ၃၁
ဆီးရီးယားစစ်ဘေးဒုက္ခသည်များအား လက်ခံပေးရန် ကုလသမဂ္ဂအဖွဲ့က ကမ္ဘာ့နိုင်ငံများကို မေတ္တာရပ်ခံထားသော်လည်း ဒုက္ခသည်များကို လက်ခံသည့်နိုင်ငံ အနည်းငယ်လောက်သာ ရှိနေသေးကြောင်း သတင်းများအရသိရသည်။
မတ် ၃ဝ ရက် ဂျီနီဗာမြို့၌ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် နိုင်ငံပေါင်း ၉ဝ မှဝန်ကြီးများနှင့်အဆင့်မြင့်အစိုးရတာဝန်ရှိသူများက ဒုက္ခသည်များအရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံပြည်တွင်းစစ်ကြောင့် ဆီးရီးယားနိုင်ငံလူဦးရေ ၂ဝ ရာခိုင်နှုန်းသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။
၂ဝ၁၈ ခုနှစ်အဆုံးပိုင်းတွင် ဆီးရီးယားဒုက္ခသည် ၄၈ဝဝဝဝ ခန့်ကို ဆီးရီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ရည်ရွယ်သည့်အနေဖြင့် အခြားနိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။ ယင်းအစည်းအဝေးတွင် ဒုက္ခသည်များ အရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ၏ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ဆောင်ချက်များအကောင် အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အဓိကထားဆွေးနွေးခဲ့သည်။
ဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့ချမ်းသာသောနိုင်ငံများ၏ တုံ့ပြန်ချက်များ အပေါ် အစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်းများက တုန်လှုပ်ခြောက်ခြားစရာကောင်းသည် ဟု ထင်မြင်ယူဆကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment