Friday, April 29, 2016

ကချင်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ အခမ်းအနားကျင်းပ

The Mirror Daily's photo.
ကွတ်ခိုင် ဧပြီ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ကချင်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင် ရေးနေ့ အခမ်းအနားကျင်းပရာ ထောင်နှင့်ချီသောဒေသခံ ကချင်လူထုများက လာရောက်ပါ ဝင်၍ ချီတက်ခဲ့ကြောင်း သိရသည်။
ဧပြီ၂၅ ရက်တွင် ကျရောက်သော ကချင်အမျိုးသား မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ Kachin Anti-Drug Day နေ့ အခမ်းအနားအား ကချင်ပြည်နယ် နေရာအနှံ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လားရှိုးမြို့၊ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့စသည့် မြို့သုံးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့ခြင်းဖြစ်သည်။
ကွတ်ခိုင်ဒေသခံများသည် ကွတ်ခိုင်မြို့ ပြည်သူ့အားကစားကွင်း၌ နံနက် ၉ နာရီခွဲတွင် စုဝေးဆုတောင်းကာ RC ဘုန်းတော်ကြီးများ၊သင်းအုပ်ဆရာကြီးများမှ ဦးဆောင်၍ မူးယစ် ဆေးဝါးဆန့်ကျင်ရေး ပိုစတာများကိုင်ဆောင် ပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အားကစားကွင်းမှ လားရှိုး-မူဆယ် လမ်းမကြီးအတိုင်း ကောင်းခါးလမ်းခွဲထိ ချီတက်ခဲ့သည်။
တာမိုးညဲလမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင်
ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိသည်။ ကွတ်ခိုင် ကက်သလစ် ကျောင်းထိုင်ဘုန်းတော်ကြီးမှ သြဝါဒပေးပြီး ဒေါ်လရှီးထွယ် ဘောက်မှ ဆုတောင်းပေးခဲ့သည်။
ဆရာမောင်(မူဆယ်)

No comments:

Post a Comment