Friday, April 29, 2016

သောက်သုံးရေရရှိရန် အနက်ပေ ၁၈ဝဝ ထိ တူးဖော်နိုင်သော ခေတ်မီရေတွင်းတူးစက်ကြီးဖြင့် တူးဖော်ပေးမည်




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၈

ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သောက်သုံး ရေရှားပါးခက်ခဲမှုနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွင်း နေရာဒေသအနှံ့အပြားရှိ ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံး ရေ ပြည့်စုံဖူလုံစွာ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ Water Supply Project ကို အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာတွင် ၂ဝ၁၄ ခုနှစ် မတ် ၁၁ ရက် မှ စတင်၍ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ ခေတ်မီရေတွင်းတူးစက်ကြီး ခြောက်စီးဖြင့် ဘော်ဆိုင်း၊ ဟဲဟိုး၊ ကလော၊ အောင်ပန်း၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုံး၊ နမ့်စန် စသော မြို့နယ်များနှင့် မန္တလေးတိုင်း ဒေသကြီး မြောက်ဦးခရိုင် စက်စက်ယိုကျေးရွာ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျောက်တန်းကျေးရွာ တို့တွင် စက်ရေတွင်း စုစုပေါင်း ၁ဝ၉ တွင်းကို တူးဖော်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန် အင်္ဂလန်နိုင်ငံ DANDO ကုမ္ပဏီထုတ် ခေတ်မီရေတွင်းတူးစက်သစ်ကြီးကို ဝယ်ယူခဲ့ရာ ယနေ့ဆိုလျှင် ဘော်ဆိုင်းဒေသကို ရောက်ရှိနေပြီဖြစ်ပြီး ဧပြီ ၂၉ ရက်မှ စတင်ကာ ဘော်ဆိုင်းဒေသတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် အဝီစိတွင်းများကို DANDO ကုမ္ပဏီမှ ပညာရှင်တစ်ဦးဖြစ်သော Mr.Stanley Kirby ဦးဆောင်၍ တူးဖော်သွားမည်ဖြစ်သည်။ ယခင် ရေတွင်းတူးစက်ကြီးများသည် အနက်ပေ ၁ဝဝဝ အထိသာ တူးဖော်နိုင်သော်လည်း ယခုရောက် ရှိလာသော အင်္ဂလန်နိုင်ငံမှ ခေတ်မီရေတွင်းတူးစက်သည် အနက်ပေ ၁၈ဝဝ အထိ တူးဖော်နိုင်မည်ဟု သိရသည်။
(ကြေးမုံ)

No comments:

Post a Comment