လန်ဒန် ဧပြီ ၂၈
လန်ဒန်ရှိနာမည်ကျော် ဘစ်ဘန်နာရီစင်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အမေရိကန်ဒေါ်လာ ၄၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း ဗြိတိန်ပါလီမန်က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ နာရီစင်ကြီးပြန်လည်ပြုပြင်မွမ်းမံရန်အတွက် သုံးနှစ်ကြာမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အစောပိုင်းတွင် စတင်ရန်ခန့်မှန်း ထားသည်။ ဘစ်ဘန်နာရီစင်ကြီး ပြန်လည်ပြုပြင်နေချိန်တွင် ယင်းနာရီစင်မှ နာရီသံ ကြားရမည်မဟုတ်ကြောင်း သိရသည်။
(ဆင်ဟွာ)
No comments:
Post a Comment