Friday, April 29, 2016

ဂရိနိုင်ငံသို့ရောက်ရှိနေသော ဒုက္ခသည်များအား တူရကီသို့ပို့ဆောင်


Myanmaalinn's photo.
 အေသင် ဧပြီ ၂၈

ဆီးရီးယားဒုက္ခသည် ၁၂ ဦးကို ဂရိနိုင်ငံ လတ်(စ်)မို့(စ်)ကျွန်းမှ တူရကီ သို့ ဗုဒ္ဓဟူးနေ့က လေယာဉ်ပျံဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။ ဥရောပ နယ်စပ်ထိန်းချုပ်ရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူနှင့် ဂရိပြည်သူ့ ရေးရာဌာန ဒုက္ခသည်များမှာ ၄င်းတို့ကိုယ်တိုင် တူရကီသို့ပြန်သွား ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုတစ်ကြိမ်သည် လေယာဉ်ဖြင့် ပထမဦးဆုံးအကြိမ် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂရိရဲအရာရှိကြီးတစ်ဦးက ပြောသည်။
ထို့ပြင် အင်္ဂါနေ့ကလည်း ရွှေ့ပြောင်းဒုက္ခသည် ၄၉ ဦးကို တူရကီသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ယင်းသို့ ပြန်လည်ပို့ဆောင်ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး မတ်လ ၁၈ ရက်က ဒုက္ခသည်ပဋိပက္ခနှင့် ပတ်သက်၍ အီးယူနှင့်တူရကီတို့ ချုပ်ဆိုခဲ့သောစာချုပ်ကို အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု ဂရိအာဏာပိုင် များက ကြေညာခဲ့သည်။
ဧပြီ ၆ ရက်က ပထမအသုတ် အဖြစ် ဂရိနိုင်ငံမှ တူရကီနိုင်ငံသို့ လူပေါင်း ၁၃၆ ဦး ပို့ဆောင်ခဲ့သည်။ ထို့နောက် ဧပြီ ၈ ရက်တွင် ၁၂၄ ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment