Tuesday, March 29, 2016

The Mirror Daily's photo.

The Mirror Daily's photo.
ထားဝယ် မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကရပ်ပြင်တောင်ရပ် လေသာ လမ်းရှိ ဦးလှဝင်းနေအိမ်၌ မတ် ၂၇ ရက် နံနက်ပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ဦးလှဝင်း(၆ဝ)နှစ်သည် သုံးဘီးမောင်းရန်နေအိမ်မှထွက်ခွာသွားစဉ် ¤င်း၏ ဓနိမိုး၊ ထရံကာ၊ တစ်ထပ်နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။
မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ရဲသူရိန်ခင်မောင်ရီ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်ငါးစီး၊ ခရိုင် ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းအောင်နှင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁ဝ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment