Tuesday, March 29, 2016

မဘိမ်းမြို့နှင့် တောင်ကြီးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

The Mirror Daily's photo.
နေပြည်တော် မတ် ၂၈
မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မတ် ၂၄ ရက်က မဘိမ်း မြို့နယ် ပင်ကြိမ်ကျေးရွာအနီး နေဝင်း၏နေအိမ်တဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၃ဝ ကိုလည်းကောင်း၊ ထို့အတူ မတ် ၂၃ ရက်က တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် တောင်ကြီး-ဟိုပုံးသွား ကားလမ်းပေါ် တွင် တင်မျိုးထွန်း(ခ)ဖာရွက် မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၂ ပြားကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ¤င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment