Wednesday, March 30, 2016

ဂျပန်မှာ ပရိသတ် ငါးထောင်ခန့်ကို လက်ခံတွေ့ဆုံမယ့် T-ara




The Mirror Daily's photo.


တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့တွေထဲမှာ ကျော်ကြားတဲ့ ပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "T-ara" ဟာ ဂျပန်မှာရှိတဲ့ပရိသတ်တွေထဲက ပရိသတ်ငါးထောင်ခန့်ကို လာမယ့်မေလအတွင်း လက်ခံတွေ့ဆုံသွားဖို့ စီစဉ် ထားပြီးဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

အဆိုပါတေးဂီတအဖွဲ့ဟာ လာမယ့် မေ ၂ ရက်နဲ့ ၄ ရက်မှာ နှစ်ရက်ခွဲကာ ဂျပန်ပရိသတ်ငါးထောင်ခန့်ကို လက်ခံတွေ့ဆုံပေးသွားမှာဖြစ်ပြီး မေ ၂ ရက်မှာ တောင်ကိုရီးယားနိုင်ငံက စတင်ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲအစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အစီအစဉ်တွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပေမယ့် ဂျပန်ပရိသတ်တွေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က နောက်ဆုံးတွေ့ရှိခဲ့တာဖြစ်တဲ့အတွက် အဆိုပါတွေ့ဆုံပွဲကို T-ara ကရော သူ့ရဲ့ပရိသတ်တွေကပါ ရင်ခုန်စွာစောင့်မျှော်နေတယ်လို့ သိရပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment