Wednesday, March 30, 2016

ချစ်သူတွေပါလို့ဆိုလာတဲ့ ဂျိုဆန်ဝတ်နဲ့ ချာယေးရန်




တောင်ကိုရီးယားရဲ့နာမည်ကျော်အနုပညာစုံတွဲတွေအနက် နောက်ထပ်ပေါ်ထွက်လာခဲ့တဲ့စုံတွဲကတော့ မင်းသားဂျိုဆန်ဝတ်နဲ့ မင်းသမီး ချာယေးရန်တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးချစ်သူတွေဖြစ်ကြတယ်ဆိုတာကို ဂျိုဆန်ဝတ်ရဲ့ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ မက်ဒင်အန်တာတိန်းမန့်က မတ် ၂၈ ရက်က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ "Glamorous Temptation" ရုပ်ရှင်မှာ အတူတွဲဖက်သရုပ်ဆောင်ရင်း ရုပ်ရှင်ပြီးဆုံးသွားတဲ့အခါမှာလည်း နှစ်ဦးသားအကြားက သံယောဇဉ်တွေမဆုံးနိုင်ဘဲ ဆက်လက်တွေ့ဆုံကြရင်း ချစ်သူတွေအဖြစ် ရောက်ရှိခဲ့တယ်လို့ မက်ဒင်အန်တာတိန်းမန့်က ထုတ်ဖော်ပြောကြားခဲ့တာကို အောကေပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် အဆိုပါကိုရီးယားအနုပညာကြယ်ပွင့်စုံတွဲဟာလည်း ရုပ်ရှင်အတူရိုက်ကူးခဲ့ရာက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ အနုပညာ စုံတွဲတွေထဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

မင်းသမီး ချာယေးရန်ရဲ့ အေဂျင်စီကလည်း ''ချာယေးရန်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ချစ်သူတွေဖြစ်နေကြတယ်ဆိုတာကို သူကအတည်ပြုပေးခဲ့ပြီး လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက်လေ့လာနေတဲ့ အဆင့်မှာရှိနေတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်ရှင်ထုတ်လုပ်မှုအပြီးမှာ စတင်ချိန်းဆိုတွေ့ဆုံခဲ့ကြတာ ဖြစ်တယ်''လို့ ပြောကြားခဲ့ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment