Tuesday, March 1, 2016

၂ဝ၁၅ Internal Auditor Training ကို ပထမဆုံး ပို့ချမည် သင်တန်းတွင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်သည့်စနစ်ကို သင်ကြားမည်

The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံတွင် ပထမဦးဆုံး သင်ကြားပို့ ချမည့် Environmental Management System( EMS) new version ဖြစ်သော ISO 14001:၂၀၁၅ Awareness and Internal Auditor Course အား အမေရိကန် နိုင်ငံအခြေစိုက် ABS ( Quality Evaluations) မှ မတ်လ ၇ ရက်နှင့် ၈ ရက်တို့တွင် စတင်သင်ကြားပို့ချ မည်ဖြစ်ကာ အဆိုပါ သင်တန်း၌ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံမှ သင်တန်းနည်းပြဆရာနှစ်ဦးက သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ ISO မှ တာဝန်ရှိသူဖြစ်သော ဦးလွင်ကိုကိုထွဋ် က ''သဘာဝပတ်ဝန်းကျင်မှာရှိနေတဲ့ လေထုညစ်ညမ်းမှုတွေကို ပတ်ဝန်းကျင် မထိခိုက်စေဖို့အတွက် ထိန်းချုပ်တဲ့စနစ်ကိုသိဖို့ သင်ကြားပို့ချပေးမှာပါ။ ဒါဆို ဘယ်လုပ်ငန်း ခွင်မှာပဲဖြစ်ဖြစ် အလုပ်ဝင်ရောက် လုပ်ကိုင်တဲ့အခါမှာ ဒီသင်တန်းက ရလာတဲ့ပညာနဲ့ သင်တန်းသားတွေက အသုံးချလို့ရပါလိမ့်မယ်။ ပြီးတော့ သင်တန်းသားတွေအတွက် လွန်စွာ အကျိုးရှိနိုင်သလို နိုင်ငံတော်အတွက် လွန်စွာအကျိုးရှိပါလိမ့်မယ်''ဟု ဆိုသည်။
ISO 9001:၂ဝ၁၅ Certificate အား ABS QE နှင့် ရယူရန်ပြင်ဆင် လျက်ရှိသော ဆေးတက္ကသိုလ် (၁) ၌ QMS In House Training ကို လာမည့် မတ် ၅ ရက်နှင့် ၆ ရက်တို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးရန် စီစဉ်ထားကြောင်း သိရပြီး သင်တန်းနှင့် စပ်လျဉ်း၍ တက်ရောက် သင်ကြားလိုသူများရှိပါက ဖုန်း- ဝ၉ ၉၇၁၈၉၂၅၄၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
(စိုးဝင်း-MLA)

No comments:

Post a Comment