Tuesday, March 29, 2016

ရန်ကုန်သင်္ကြန်ယာဉ်ထိန်းရဲ ၁၀၀၀ ခန့်ချထားပြီးအရက်မူးတိုင်းကိရိယာဖြင့်ပါစစ်ဆေးအရေးယူမည်

သတင်း-ဇော်ကြီး(ပဏီတ)၊ဓာတ်ပုံ-နေလင်း

ရန်ကုန် မတ် ၂၈ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်ထိန်း တပ်ဖွဲ့ဝင်အင်အား ၁ဝဝဝ ခန့် ချထားသွားမည့်အပြင် အရက်မူးတိုင်း ကိရိယာ (ALCOHOL TESTER) ဖြင့် တိုင်းတာစစ်ဆေး၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူး ကြီး အောင်ကိုဦးက ပြောကြား သည်။
''သင်္ကြန်ကာလမှာ ယာဉ် အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်ကြော ကျပ်တည်းမှုကိုဖြေရှင်းဖို့ မြို့နယ် အလိုက်အဖွဲ့တွေချပြီး ဆောင်ရွက် သွားမှာပါ။ အထူးသဖြင့် မဏ္ဍပ်ကြီး တွေရှိတဲ့နေရာနဲ့ လူစည်ကားတဲ့နေရာ တွေကို အဓိကထား ဆောင်ရွက် သွားမယ်။ ဒါ့အပြင် ယာဉ်မတော် တဆမှု လျော့နည်းဖို့အတွက် ယာဉ်မောင်းတွေကို အရက်မူးတိုင်း ကိရိယာနဲ့စစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ¤င်းက ပြောသည်။

ယင်းသို့ ဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ထောင်ခန့်ကို အသုံးပြုသွားမည်ဖြစ်သည်။ ထို့အပြင် မြို့နယ်တပ်ဖွဲ့စုအလိုက် အဖွဲ့ ၁၈ ဖွဲ့ထားရှိပြီး မီးတန်းယာဉ်များကို အသုံးပြု၍ သုံးမြို့နယ်ပေါင်း တစ်ဖွဲ့နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် ယာဉ်မတော် တဆမှု လျော့နည်းစေရန် ထိန်းသိမ်း ကြပ်မတ်ပေးခြင်း၊ ယာဉ်ကြောရှင်း လင်းခြင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်း ခြင်းများကို မီးတန်းယာဉ်များဖြင့် လှည့်လည်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။ 

''အရင်နှစ်တွေတုန်းက ကန် တော်ကြီးပတ်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းမှာ အဓိကထားပြီး ဆောင် ရွက်ခဲ့ရတယ်။ အရက်သေစာသောက် စားထားတဲ့ ယာဉ်မောင်းတွေကိုလည်း စစ်ဆေးအရေးယူခဲ့တယ်။ ဒီနှစ်မှာ တော့ မဏ္ဍပ်များပြီး လူစည်ကားတဲ့ နေရာတွေနဲ့ ယာဉ်ကြောကျပ်တဲ့ နေရာတွေကို အဓိကထားဆောင်ရွက် သွားမယ်။ သင်္ကြန်ကာလမှာ လက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အား ၈ဝ ရာခိုင်နှုန်း လောက်အထိ အသုံးပြုပြီး အဖွဲ့အလိုက် အလှည့်ကျအနားပေး စနစ်နဲ့ ဆောင်ရွက်သွားဖို့ စီစဉ် ထားပါတယ်''ဟု ဒုတိယရဲမှူးကြီး အောင်ကိုဦးက ဆက်လက်ပြောပြ သည်။

သင်္ကြန်ကာလတွင် ယာဉ်ထိန်း တပ်ဖွဲ့ချထားမှုအနေဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်၌ ငါးဖွဲ့၊ အနောက် ပိုင်းခရိုင်၌ လေးဖွဲ့၊ တောင်ပိုင်း ခရိုင်၌ လေးဖွဲ့၊ မြောက်ပိုင်းခရိုင် ၌ သုံးဖွဲ့တို့ဖြင့် ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့အပြင် အသင့်အနေ အထားဖြင့် လိုအပ်သည့်အခါ ဆောင် ရွက်နိုင်ရန် အရန်ထုတ်နုတ်အင်အား တစ်ဖွဲ့ထားရှိသွားမည်ဖြစ်ပြီး မြို့တွင်း ၌ လှည့်လည်၍ ယာဉ်ကြောရှင်းလင်း ရေးလုပ်ဆောင်နိုင်ရန် ဆိုင်ကယ် လှည့်ကင်း ရှစ်ဖွဲ့ထားရှိသွားမည်ဖြစ် သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် သင်္ကြန်ရေကစားမဏ္ဍပ် အများစု တည်ရှိရာနေရာတို့တွင် သူနာပြုယာဉ် နှစ်စီး ထားရှိပေးသွားမည်ဖြစ်ပြီး ယာဉ်မတော်တဆမှုများနှင့် စည်း ကမ်းမဲ့ ယာဉ်ရပ်နားမှုတို့အတွက် လူစည်ကားသည့် လမ်းဆုံနေရာ ရှစ်နေရာတွင် ကရိန်းယာဉ်တစ်စီးစီကို အသင့်အနေအထားဖြင့် ထားရှိ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ယာဉ်စည်းကမ်းဖောက် ဖျက်မှုတို့ကို အချက်အချာကျသည့် လမ်းဆုံ၊ လမ်းခွ မီးပွိုင့်နေရာများတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာ (CCTV) များမှတစ်ဆင့် စောင့်ကြည့် မှုများပြုလုပ်၍ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂ဝ၁၅ ခုနှစ် သင်္ကြန်ကာလဖြစ် သည့် ဧပြီ ၁၃ရက်မှ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှု ရှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိ သူ ၆၂ ဦးအထိ ရှိခဲ့သည်။ ထိုသို့ ဖြစ်ပွားမှုများတွင် ယာဉ်မောင်းအား ယာဉ်မတော်တဆမှုအပြင် အရက် သေစာ သောက်စားမောင်းနှင်မှုဖြင့် လည်းအရေးယူခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပြီးခဲ့သည့်နှစ်သင်္ကြန်တွင် ကန်တော် ကြီးကန်ပတ်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းအပါအဝင် မဏ္ဍပ်ကြီး ၃၉ ခု၊ မဏ္ဍပ်အလတ် ၁၃ ခု ရှိခဲ့ပြီး ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ်ချပေးမှု လျာထားချက်အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်း၌ မဏ္ဍပ်အကြီးကိုးခု၊ ကမ္ဘာအေးဘုရားလမ်း၌ မဏ္ဍပ် အကြီး ကိုးခုနှင့် ဗဟန်းမြို့နယ် ဆရာစံ လမ်း၌ မဏ္ဍပ်အလတ်တစ်ခု၊ စက်မှု(၁)နား၌ မဏ္ဍပ်အလတ် တစ်ခု၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်း (မင်းလမ်းမုန့်တီဆိုင်ရှေ့)၌ မဏ္ဍပ် အလတ် သုံးခု ချထားပေးရန် စီစဉ် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

No comments:

Post a Comment