Tuesday, March 29, 2016

ချင်းပြည်နယ် ဖလမ်းခရိုင်တွင် ခိုင်ကမ်းမြို့ဖွင့်ပွဲ အခမ်းအနားကျင်းပ




 
 
 
 
 
 
ဟားခါး မတ် ၂၈

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့၌ ဌာနဆိုင်ရာ အဆောက်အုံများ မြေနေရာ ချထားပေးနိုင်ရေးတို့ကို မတ် ၂၆ ရက်က ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ကြည့်ရှု စစ်ဆေးရာ ဖလမ်းခရိုင်အုပ်ချုပ်ရေး မှူးဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူ များက လိုက်လံပြသရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို မှာကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ခိုင်ကမ်းမြို့ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ယင်းနောက် နယ်မြေတာဝန်ခံ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးနန် ဇမုန်၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးနိန်နိုင်း၊ ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် မြို့မိမြို့ဖ ဦးရှယ်မန်းတို့က ခိုင်ကမ်း မြို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက မြို့ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ခိုင်ကမ်း-မွာလ်ဇန်-ဟွဲ ချောင်းကားကူး ကြိုးတံတားနှင့် ခိုင်ကမ်း-ပိန်းပိ အကြား နမ်ထား ကွန်ကရစ် တံတား ဖွင့်ပွဲအခမ်းအနားများကို ဆက်လက်ကျင်းပရာ နယ်မြေ တာဝန်ခံ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က အမှာစကားပြော ကြားပြီး ဒေသခံလူငယ် မောင်မယ် နှစ်ဦးတို့က တံတားများကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရ သည်။
(ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment