Tuesday, March 29, 2016

စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

The Mirror Daily's photo.
တာချီလိတ် မတ် ၂၈
တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအဖြစ် အသိပညာပေးဟော ပြောပွဲ နှင့် လက်တွေ့မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၂၅ ရက် နံနက်
၈ နာရီခွဲက ဝမ်လုံးကျေးရွာအုပ်စု 'သစ်လွင် မိုး' စက်သုံးဆီအရောင်းဆိုင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း အောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများ၊ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တွဲဖက်ပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန်သိန်းမြင့်က မီးဘေး လုံခြုံရေး၊ မီးနှင့်ပတ်သက်သည့် အသိပညာ၊ မီးသုံးစွဲရာတွင် သတိမူရမည့်အချက်များ၊ မီးလောင်မှု စတင်ဖြစ်ပေါ်စေသည့်အကြောင်း
ရင်းများ၊ မီးငြှိမ်းသတ်မှုစနစ် စသည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောပြီး မီးသတ်ပစ္စည်းကိရိယာများ မပါရှိဘဲ မီးငြှိမ်းသတ်နည်းများအား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စက်သုံးဆီ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ကိုကိုနှင့် ဝန်ထမ်းများက ခေတ်မီမီးသတ်ပစ္စည်းများဖြင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့ရှင်းလင်းပြသပြီး တက်ရောက် လာသည့် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများက ဆီမီးလောင်မှုအား ခေတ်မီမီးသတ်ပစ္စည်းများဖြင့် စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့ပေါ်ရှိ စက်သုံးဆီအရောင်း ဆိုင် ၁၄ ဆိုင်၊ ဝမ်ပုံကျေးရွာမှ သုံးဆိုင်၊ တာလေမြို့မှ တစ်ဆိုင်တို့ရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ဝေယံလင်း

No comments:

Post a Comment